Pages

Sep 12, 2012

လူအစစ်




စာရေးသူက ကဗျာဖတ်ရ ရေးရတာ ဝါသနာ မပါလှတာကြောင့် လုံးဝ မရေးတတ်ပါဘူး။ (ရေးတတ်သူတွေကိုတော့ လေးစားတတ်ပါတယ်။) ဒါပေမဲ့ Dr. K. Sri  Dhammananda ရဲ့ "The Purpose of Life " ထဲက လေးကြောင်းပဲ ပါတဲ့ 

“It is easy enough to be pleasant
When life flows along like a song
Bu the man worthwhile is the man who can smile
When life goes dead wrong.”

ဆိုတဲ့ ကဗျာလေးကို ဖတ်မိတဲ့ အခါ ဒီ ကဗျာလေး ရေးမိသွားတယ်။ 

ရေးတယ်ဆိုပေမဲ့  ဘာသာပြန်ပါပဲ။ ဒါပေမဲ့ တိတိ ကျကျကြီး ဘာသာပြန်ထားတာလဲ မဟုတ်ပါဘူး။ "မာန်ဝင်ကာ ဆင်နွှဲနိုင်မှ" ဆိုတဲ့ စာကြောင်း အတွက်တော့ မူရင်း ကဗျာမှာ တွေ့ရမှာ မဟုတ်ပါဘူး။ မူရင်း ကဗျာလေးက ရိုးစင်းပြီး ဖတ်လို့ ကောင်းပါတယ်။ ကဗျာက ဖြစ်တည်မှု ဒဿန (Existentialism) ဆန်တယ်လို့ ထင်ပါတယ်။

ခုတော့ ဘာရယ် မဟုတ်ပါဘူး။ စိတ်ကူးပေါက်လို့ ရေးထားတာလေး ပြန်ရှာပြီး ပို့စ် တင်လိုက်ယ်။ ဖတ်လို့ အဆင်ပြေတယ် ဆိုလျှင် မူရင်း ကဗျာက ကောင်းလို့ပါ။ ဖတ်လို့မရ ဟာသ သဖွယ် ဖြစ်နေလျှင်တော့ သိတဲ့ အတိုင်းပါပဲ၊ စာရေးသူ ဘုန်းဉာဏ်ရဲ့ "ညံ့ချက်ကတော့ကွာ" လို့ အမှန်ပင် ဆိုရမှာ ဖြစ်ကြောင်းပါ။

ကျေးဇူးတင်ပါတယ်။

ဘုန်းဥာဏ် 



"လူ အစစ်"
.............

ဘဝဟာ
ငြိမ့်ညောင်းသာယာ
သီချင်းသံ သာသာလေးလို
ဖြတ်သန်းစီးဆင်းသွားတဲ့အခါ
ကျေနပ်နှစ်သက်
သာယာမှုတွေ ပွေ့ဖက်နေဖို့ဆိုတာ
လွယ်လွယ်လေးပါ။

ထိတ်လန့်ကြောက်ရွံ့လောက်အောင်
ဘဝ အမှောင်တွေကျ
အမှားတွေ ဗလပွနှင့်
ကြုံကြိုက် ဆုံခိုက်မှာ
အပြုံးပန်း ပန်ဆင်
မာန်ဝင်ကာ ဆင်နွှဲနိုင်မှ
ထိုက်တန်သူ လူအစစ်
မင်း ဖြစ်မှာပေါ့။

(၁၃၊၀၅၊၂၀၁၂)

3 comments:

တောက်ပကြယ်စင် said...

ဘာသာပြန်ပုံလေး သိပ်လှတယ်အရှင်ဘုရား...

Crystal said...

ဖတ်ရတာ တယ်ငြိမ့်သကိုးးးးဘုရား။
“ထိုက်တန်သူ လူအစစ် ကိုယ်သာဖြစ်လိုက်ချင်”
(ကိုယ့်အတွေးနဲ့ကိုယ် ထပ်ဖြည့်ပါကြောင်း)
_/\_

jahmilleabner said...

Harrah's Lake Tahoe - MapyRO
Harrah's Lake 전라북도 출장마사지 Tahoe 대구광역 출장마사지 features 392 guest rooms and suites. This luxurious resort 진주 출장샵 is located near 구리 출장샵 the Fremont Street 공주 출장샵 Experience and provides a full