Pages

Showing posts with label Pictures. Show all posts
Showing posts with label Pictures. Show all posts

Feb 12, 2011

အမှတ်တရ ပင်လုံ (၁)

မဟာရဋ္ဌာဘိသာမဂ္ဂီ စေတီတော်နှင့် ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်
မနှစ်က (၂၀၁၀) က ပင်လုံကို အလည်ရောက်ခဲ့တယ်။ ထီတမောင်းရွာကအပြန်မှာ နောင်တရားဆိုတဲ့ မြို့ငယ်လေးကနေ တောင်ကြီး၊ အဲဒီကမှ ပင်လုံကို သွားခဲ့တာပါ။ မေလ (၂၉) ရက်နေ့မှာ ပင်လုံကို ရောက်ပြီး၊ ဂျွန်လ (၂) ရက်နေ့မှာ ပြန်လာခဲ့ပါတယ်။ ဒေသခံ ဦးဇင်းတစ်ပါးနှင့် လိုက်သွားဖြစ်ခဲ့တာပါ။ တစ်ခါမှ သေချာမမြင်ဖူးသေးတဲ့ ပြည်မ တောင်တန်း ပူးပေါင်းရေး ကျောက်တိုင်ကို မြင်ချင်တာကလဲ သွားလည်ချင်တာရဲ့ အကြောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီခရီးက မှတ်မိတာလေးတွေကို ဓာတ်ပုံလေးတွေနှင့် တွဲ၊ ပင်လုံ စာချုပ်အကြောင်း နဲနဲဖြည့်ပြီး မှတ်တမ်းတင်ထား လိုက်ပါတယ်။

ပင်လုံမြို့ (31st May 2010)
ပင်လုံက လွိုင်လင်မြို့နယ်ထဲက မြို့တစ်မြို့ပါ။ တောင်ကြီးမြို့မှ (၆၄) မိုင် ကွာဝေးပြီး လွိုင်လင်မြို့နှင့်တော့ (၆) မိုင်သာ ဝေးပါတယ်။ တောင်ပတ်လည် ကာရံဝိုင်းထားတဲ့ ဒီမြို့လေးက နေချင်စဖွယ်ပါ။ ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ ဓနု၊ ပလောင်၊ တရုပ်၊ တောင်ရိုး၊ ရှမ်းတရုပ်၊ ယင်း (ယန်)၊ ယင်းနက်စတဲ့ လူမျိုးပေါင်းစုံနေထိုင်ကြတယ်လို့ ဆိုပါတယ်။ ဒီထဲက ယင်းနက်လူမျိုး ဆိုတာကိုတော့ ကြားဖူးကြသူ နည်းမယ်ထင်ပါတယ်။ 

တောင်ပေါ်ဒေသမှာပဲ နေနေကြတဲ့ ယင်းနက်တွေက သူတို့ဘာသာ စကားပဲ ပြောဆိုကြပြီး သူတို့အဝတ် သူတို့ ယက်လုပ် ဝတ်ဆင်ကြဆဲ ဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ရှင်းပြပါတယ်။ ပင်လုံနှင့် နီးတဲ့ အချို့ယင်းနက်လူမျိုး (ဥပမာ ကျူယုံရွာသူ ရွာသား) တွေက ရှမ်းစကားကို သင်လာကြ ပြောလာကြပြီး အဝတ်အစားလည်း ရှမ်းလိုပဲ ဝတ်ဆင်လာကြတယ်လို့ သူက ဆက်ရှင်းပြတယ်။

မဟာရဋ္ဌာဘိ သာမဂ္ဂီစေတီတော်ကြီးရဲ့ အနောက်ဘက်ခြမ်းက မြင်ရတဲ့ ပင်လုံမြို့
ပင်လုံက အချို့လမ်းနာမည်တွေက စိတ်ဝင်စားဖွယ်ရာပါ။ မြို့ဂိတ်ကနေ ဝင်သွားလို့ရှိရင် စစ်စံထွန်းလမ်း၊ သခင်မြလမ်း၊ ဦးဘချိုလမ်း၊ မန်း ဘခိုင်လမ်း၊ ဦးဘဝင်းလမ်းတို့ကို အစဉ်အတိုင်းတွေ့ရမှာပါ။ ကျဆုံးသွားတဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီး အချို့ရဲ့ နာမည်တွေကို ဂုဏ်ပြုပြီး မည့်ထားတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့် အာဏာရှိစဉ်က လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ လမ်းနာမည်တွေကို မြင်ရတာ ကြည်နူးမိပါတယ်။

ပင်လုံဟာ ခုထိလဲ မြို့ငယ်လေးပါပဲ။ ဒါပေမဲ့ သမိုင်းအတွက်တော့ သူက အရေးပါပါတယ်။ ပြည်မ တောင်တန်း ပူးပေါင်းရေး အတွက် အစည်းအဝေးကို ပင်လုံမှာ ၁၉၄၆ ခု မတ်လ (၁) ရက်နေ့မှ (၁၂)ရက်နေ့ အထိ ကျင်းပခဲ့ကြတယ်။ 

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ လွတ်လပ်ရေးအတွက် ဗြိတျသျှ အစိုးရနှင့် ‘အောင်ဆန်း - အက်တလီ’ စာချုပ်ကို ၁၉၄၇ ခု၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွမှာ ချုပ်ဆိုနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီစာချုပ်ရဲ့ အပိုဒ် (၃)၊ (ဂ) မှာ “တောင်တန်းဒေသ ပြည်နယ်များ အတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များ ကိုယ်တိုင်က ဗမာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ ‘ယူနီယံ’ခေါ် ပြည်ထောင်စု ပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုး ချုပ်ဆိုပေးကြရမည်” လို့ ဗြိတိသျှ အစိုးရက ထည့်သွင်းခဲ့တယ်။ ဒီအတွက် အစည်းအဝေး ကျင်းပဖို့ လိုလာပါတယ်။  

အဲဒီ လိုအပ်လာတဲ့ အစည်း အဝေးကို ခေါင်းဆောင်တွေ ပင်လုံမှာ  ကျင်းပခဲ့ကြတာပါ။ ၁၉၄၇ ခု ဖေဖော်ဝါရီလ (၃)ရက် နေ့မှာ စပြီး ကျင်းပခဲ့ကြပါတယ်တဲ့။ ဖော်ဖော်ဝါရီလ (၁၁) ရက်နေ့တွမှာ ကျင်းပတဲ့ အစည်းအဝေးကို ဗိုလ်ချုပ်အောင်ဆန်းတက်ရောက်ကာ “ပြည်နယ်များနှင့် ပြည်မ ပူးပေါင်းကာ ပြည်ထောင်စု အသွင်ဖြင့် လွတ်လပ်ရေး ရယူခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း” ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ပြည်မ တောင်တန်း ပူးပေါင်းရေး စာချုပ်ကျောက်တိုင်
ရှင်းလင်းချက်ကို အားလုံး သဘောပေါက် နားလည်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းကိုလဲ ယုံကြည် ကြတာကြောင့် ပြည်ထောင်စုမူကို လက်ခံကြတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ နံနက် (၁၀) နာရီမှာ ဗိုလ်ချုပ်အောင်ဆန်း  အမှူးပြုတဲ့ ကိုယ်စားလှယ် (၂၃) ဦးဟာ ပြည်ထောင်စုပုံစံ လွတ်လပ်ရေး အတွက် ပင်လုံ ညီညွတ်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်တဲ့။ အဲဒီအတွက် “ပြည်မ တောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်”ကို စိုက်ထူခဲ့ကြတာပါ။ ဒီစာချုပ်ကိုပဲ အကြောင်းပြုပြီး ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာတာလဲ ဖြစ်ပါတယ်။

Mar 21, 2010

ဂျနီဖာ လိုပက်(ဇ်) ဗုဒ္ဓဘာသာသို့ ပြောင်းလာလေပြီ



လန်ဒန်၊ အောက်တိုဘာ ၉၊ ၂၀၀၄။ အကျော်အမော်တွေဟာ ဗုဒ္ဓဘာသာကို ထူးထူးဆန်းဆန်း စိတ်ဝင်စား စွဲမက်မှုရှိကြဟန်တူပါရဲ့။ ဒီတစ်ခါ ဗုဒ္ဓဘာသာကို ဆက်ခံသူကတော့ လက်တီလို ဒီဗာ ဂျနီဖာ လိုပက်(ဇ်) ပါပဲ။

သတင်းအရတော့ Wedding Planner မင်းသမီးဟာ တွဲဖက်သရုပ်ဆောင် ရစ်ချဒ် ဂေး (Richard Gere)နှင့် ဘာသာရေး ဆွေးနွေးပြောဆိုမှု အကြိမ်အတော်များများ အပြီးမှာ ရစ်ချဒ် ဂေးရဲ့ ဗုဒ္ဓဘာသာ အပေါ်မှာ စူးစိုက် နှစ်မြှုပ်ထားမှုက ဗုဒ္ဓဘာသာကို လက်ခံယုံကြည်ဖို့ လှုံ့ဆော်ပေးလောက်အောင်ကို သူမကို စွဲမက်စေပါတယ် လို့် သဆန်း သတင်းစာက ရေးပါတယ်။

"ဒို့တွေ ကကြရအောင်လား (Shall We Dance)" ဇာတ်ကားမှာ ဂေးနှင့် တွဲဖက်သရုပ်ဆောင်ထားသူ လိုပက်က သူမဟာ ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်နှင့် ကောင်းမြတ်တဲ့ လူသားတစ်ဦးဖြစ်ဖို့ရာ အလွန်တရာ အရေးကြီး ပါတယ်ဆိုတာတွေကို သတိထားမိလာပါပြီလို့ ဆိုပါတယ်။

"ကမ္ဘာလောကကြီးမှာ စွမ်းအားတစ်ခုရှိပါလားလို့ အခုတော့ ကျွန်မသိပါပြီ။ ကောင်းမြတ်မှုနှင့် မေတ္တာတရားကို ရှင်က ငြိမ်းသတ်လိုက်ရင် ငြိမ်းသတ်မှုက ရှင့်ထံပြန်လာမှာပဲဆိုတဲ့ စွမ်းအင်ရှိတယ်လေ။ အဲဒါကတော့ ကျမ အတွက် အလုပ်ဖြစ်တဲ့ အခြေခံတရားတစ်ခုပါပဲ" လို့ သူမရဲ့ဆိုစကားကို သတင်းက ကိုးကား ဖော်ပြပါတယ်။


Source: Sasana Abhiwurdhi မှ April 2009 တွင် ရိုက်နှိပ်ထုပ်ဝေသည့် Society How to Develop Happiness in Daily Living, Features & Interviews with Buddhist Celebrities စာအုပ်မှ Jennifer Lopez ကို မြန်မာပြန်ဆိုပါသည်။


ဘုန်းဉာဏ်
Sitiawan, Malaysia

Apr 2, 2009

Dhamma Journey

At temple or house Dana, the tradition of setting animals such as birds free is really lovely. It means you have compassion and sympathy, which we need urgently in our society, for other beings. In reality, every living being is afraid of death. Therefore, people who bear empathy try to help them whenever the opportunity arises. So, the people in my community ask me for chanting blessing verses not only for themselves but also for animals which they bought for setting them free.

Dhamma Journey

I was in Sitiawan in (West) Malaysia (18/02/09 - 12/03/09) to give Dhamma service to the Buddhist community that needs Buddhist monks to lead the path correctly. Most of the time I was alone in a large temple. But I was really happy to help those who need Buddhist monks. Being this for the third time, I got to know their needs more and more in the area of Buddhism. One of them is most of the Buddhist people just know they should do Dana (offering or charity) as a Buddhist. On the other hand, the mission of some other religions have tried to convert them into their own one whenever the opportunity arises. So, I personally feel that it is our duty to get them know the Dhamma by providing the opportunity to help them learn little by little. Therefore, I am obliged to those who involved in giving the Dhamma service to the society.

Here are some of the pictures on the Dhamma mission.

Mar 30, 2009

Being in the right place


When we put all the plants in the right place, it become nice and meaningful. But we are regret to see the wrong persons in the wrong places in the society or community, which result in creating it unpleasant or chaotic without necessary. If most of the things or persons are in the right order or in the right place, the world would be much nicer. How do you think of it? Why don't you share your views with us!

Mar 29, 2009

Unity


If there were a single plant, this cannot, I think, be that nice to see.


I went to visit Jurong Bird Park, Singapore on 3th March (2009). I was really delighted to see different kinds of birds in it. Another reason for feeling really happy to visit there is the environment. The park is green with a large number of different sorts of trees and flowers. It makes it peaceful and quiet. When I saw all these things, many thoughts arose in me, for example, seeing the above picture, the thought struck me: If there were a single plant, this cannot, I think, be that nice.





Mar 27, 2009

Acient City - Bagan

Bagan (Burmese: ပုဂံ; MLCTS: pu.gam, pronounced [pəɡàN]), formerly Pagan, is an ancient city in the Mandalay Division of Burma. Formally titled Arimaddanapura or Arimaddana (the City of the Enemy Crusher) and also known as Tambadipa (the Land of Copper) or Tassadessa (the Parched Land), it was the ancient capital of several ancient kingdoms in Burma. It is located in the dry central plains of the country, on the eastern bank of the Ayeyarwady River, 90 miles (145 km) southwest of Mandalay.

UNESCO has unsuccessfully tried to designate Bagan as a World Heritage Site. The military junta (SPDC) has haphazardly restored ancient stupas, temples and buildings, ignoring original architectural styles and using modern materials that bear no resemblance to the original designs. Likewise, the junta has established a golf course, a paved highway, and built a 200-foot (61-m) watchtower in the southeastern suburb of Minnanthu.[1]