Pages

Apr 3, 2009

ရှင်အရဟံ၏ ကြိုးပမ်းချက်

မြန်မာနိုင်ငံ၌ ရှင်အရဟံ၏ ကြိုးပမ်းချက်အရ အနောရထာမင်းအမှုပြုသော မြန်မာနိုင်ငံသားတို့၏ သန္တာန်၌ မြတ်စွာဘုရား၏ သာသနာအမြစ်တွယ်ပြီးချိန်မှစ၍ ခိုင်မာစွာ အမျိုးသားစရိုက်နှင့် အမျိုးသားဉာဉ်သည် ဖြစ်ပေါ်လာခဲ့၏။ မြန်မာနိုင်ငံသားတို့၏ အမျိုးသားစရိုက်နှင့် အမျိုးသားဉာဉ်ကား “ရဲရင့်ခြင်းနှင့် ရက်ရောခြင်း”ဖြစ်၏။ ယင်းကို အနစ်နာခံလိုမှုအပေါ်၌ တည်ဆောက်ရ၏။ အနစ်နာခံလိုမှုကိုလည်း မိမိကိုယ်ကို ချစ်သောစိတ်, မိသားစုကို ချစ်သောစိတ်, နိုင်ငံကို ချစ်သောစိတ်, လူမျိုးကို ချစ်သောစိတ်, လောကလူသား အချင်းချင်း ချစ်သောစိတ်အပေါ်၌ တည်ဆောက်ရ၏။ ယင်းကိုလည်း တဏှာကို မြင်အောင်ကြည်ပြီး တဏှာကို သတ်ရန် ကြိုးပမ်းသော အကျင့်ပေါ်၌ တည်ဆောက်ရ၏။ သို့မှသာ ရဲရင့်ခြင်းနှင့် ရက်ရောခြင်းသည် မှန်ကန်သော ရဲရင့်ခြင်းနှင့် မှန်ကန်သောရက်ရောခြင်းဖြစ်၏။ ဓမ္မအပေါ်၌ တည်ဆောက်သောရဲရင့်ခြင်းနှင့် ရက်ရောခြင်းဖြစ်၏။


ဦးရွှေအောင် ၊ “ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓဝင်”၊ ရာပြည့်စာအုပ်တိုက်၊ ၂၀၀၃-ခုနှစ်၊ စတုတ္ထအကြိမ်၊ စာ-၃၃)

No comments: