အသာစံခြင်းနှင့် အနာခံခြင်းနှစ်မျိုးတို့တွင် အနာခံခြင်းက အသာစံခြင်းထက် တန်ဖိုးကြီးကြောင်း ဗုဒ္ဓဒေသနာတော် များ၌ တွေ့ရ၏၊ အသာစံခြင်းသည် လူတိုင်းလုပ်နိုင်သောလုပ်ငန်းဖြစ်၏။ အနာခံခြင်းကား မြင့်မြတ်သူများသာ လုပ်နိုင်သော လုပ်ငန်းဖြစ်၏။ မြင့်မြတ်သူများသည် ရှေးပုဂံခေတ်မှစ၍ ကုန်းဘောင်ခေတ်အဆုံးတိုင်းအောင် အများအပြားရှိခဲ့ကြ၏။ သူတစ်ပါးလက်အောက်ခံဘ၀၌လည်း အထိုက်အလျှောက်တော့ ရှိသည်ဖြစ်၏။ ယခုအချိန်တွင်မူ မြန်မာနိုင်ငံ၌ မြင့်မြတ်သူများကို များစွာလိုအပ်လျက်ရှိ၏။ နိုင်ငံတော်အတွက်နှင့် နိုင်ငံသူ/နိုင်ငံသားများအတွက် အနစ်နာခံနိုင်ရုံသာမက ထိုသို့ အနစ်နာခံမှုကြောင့် ထွက်ပေါ်လာသော အကျိုးအမြတ် ဟူသမျှ၌လည်း အနစ်နာခံနိုင်သူများကို ဤမြန်မာနိုင်ငံ၌ အလုအယက် ပေါ်ထွက်စေချင်ပါ၏။
(ဦးရွှေအောင်၊ “ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓဝင်”၊ ရာပြည့်စာအုပ်တိုက်၊ စတုတ္ထအကြိမ်၊၂၀၀၃-ခုနှစ်၊ စာ-၃၂)
No comments:
Post a Comment