Pages

Mar 24, 2011

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၁၂)

မေတ္တာ
သင့်ရဲ့ ကရုဏာစကားလေးတွေနှင့် နှစ်သိမ့်ပေးလို့ ရတဲ့သူ တစ်စုံတစ်ယောက် ရှိသမျှ ကာလပတ်လုံး၊ သင့်ရဲ့ ကရုဏာစကားလေးတွေနှင့် သက်ဝင်လှုပ်ရှားစေလို့ ရတဲ့သူ တစ်စုံတစ်ယောက် ရှိသမျှ ကာလ ပတ်လုံး၊ သင့်ရဲ့ တည်ရှိနေမှုနှင့် ပျော်ရွှင်အောင် လုပ်ပေးလို့ ရတဲ့သူ တစ်စုံတစ်ယောက် ရှိသမျှ ကာလပတ်လုံး၊ သင့်ရဲ့ လောကီပိုင်ဆိုင်မှုတွေနှင့် ကူညီပေးလို့ ရတဲ့သူ တစ်စုံတစ်ယောက် ရှိသမျှ ကာလပတ်လုံး၊ အဲဒီပေးဆပ်မှုက ဘယ်လောက်ပဲ သေးငယ်သေးငယ်၊ သင်ဟာ လူ့အဖွဲ့အစည်းရဲ့ အဖိုးတန် လူတစ်ယောက်ပါ။ သင်ဟာ စိတ်ပျက်အားလျှော့ခြင်း ဒါမှမဟုတ်ရင် စိတ်ဓာတ်ကျခြင်း အလျှင်း မဖြစ်သင့်ပါဘူး။

သင် ချစ်မြတ်နိုးရသူတွေက သင့်ကို ဂရုမစိုက်တဲ့ အချိန်ဆိုတာ ရှိကောင်းရှိမှာပါ။ ပြီးတော့ စိတ်နှလုံး လေးလန်သင့်တဲ့ အခါလည်း ရှိကောင်း ရှိမှာပါပဲ။ ဒါပေမယ့် စိတ်မချမ်းမသာ စိတ်ဓာတ်ကျစရာဖြစ်လို့ ကျရတာပါလို့ ကျိုးကြောင်းပြစရာတော့ မရှိပါဘူး။ သင့်ရဲ့ ဘဝတူ လူတွေအပေါ် အကြင်နာ မေတ္တာ အပြည့်ရှိနေသမျှ ကာလပတ်လုံး ဘယ်အရာကများ အရေးပါနေသေးလို့လဲ။ မိမိရဲ့ ပျော်ရွှင်ကျေနပ်မှုအတွက် သူတစ်ပါးတွေ အပေါ်မှာ မှီခိုအားထားမှု မပြုသင့်ပါဘူး။  ဘဝမှာ ကျေနပ်မှု ရဖို့ အခြားသူများထံကနေ မျှော်လင့်သူဟာ ထမင်းစားရဖို့ သူများထံမှာ ဒူးထောက်ပြီး ငိုတတ်တဲ့ သူတောင်းစားထက်ပင် ပိုဆိုးပါတယ်။
 

1 comment:

crystal said...

ယနေ့ကစပြီး မိမိ၏ပျော်ရွှင်မှုတွေကို ကိုယ်တိုင်ပဲ ဖန်တီးတည်ဆောက်လိုက်ပါတော့မည်ဘုရား။ :)