Pages

Feb 21, 2011

အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၈)

တစ်ဘက်စောင်းနင်း ကင်းပါစေ
သင်စိတ်ဆိုးနေတဲ့အခါ သို့မဟုတ် ရန်စခံနေရတဲ့အခါ ဘယ်ကိစ္စမှာမဆို အလျှင်စလို ဆုံးဖြတ်ချက် ချတာမျိုး မလုပ်ပါနှင့်။ အဲဒီလိုအခါမျိုးမှာ ချမိတဲ့ မည်သည့် ကောက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်မဆို တစ်နေ့မှာ သင် ဝမ်းနည်းစရာကိစ္စမျိုး ဖြစ်လာတတ်တယ်။ ပထမဆုံး သင့်စိတ်ကို တည်ငြိမ်ခွင့်လေး ပေးပါ။ အဲဒီလိုဆိုရင် သင့်ဆုံးဖြတ်ချက်က ဘက်မလိုက်တဲ့ (တစ်ဘက်စောင်းနင်း ကင်းတဲ့) ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မည်။ 

သည်းခံခြင်းကို ပြုစုပြိုးထောင်ပါ။ အကြောင်းကတော့ တစ်ခြားလူတွေရဲ့ ဒုက္ခသုက္ခတွေကို ကိုယ်ချင်းစာဖို့ ကူညီတတ်လို့ပါ။ မလိုအပ်ပဲ ဝေဖန်တာမျိုးကို ရှောင်ကြဉ်ပါ။ အတော်ဆုံးလူသည်ပင် အမှားမကင်းနိုင်ဘူးဆိုတာကို နားလည်သဘောပေါက်အောင် ကြိုးစားပါ။ တစ်ပါးသူမှာ တွေ့ရတဲ့ အားနည်းချက်မျိုးကို သင့်မှာလဲ တွေ့ရနိုင်တာပါပဲ။ အဲဒါကိုပဲ ဖန်အိမ်ထဲမှာ နေနေစဉ် သူများကို ခဲနှင့် မပစ်ပေါက်ပါနဲ့လို့ ပြောကြတာပဲလေ။

(Ven. K. Sri DhammanandaHow to Overcome Your Difficulties ကို ဘာသာပြန်ခြင်းမှ အဆက် ဖြစ်ပါတယ်)။

ဘုန်းဥာဏ်

No comments: