Pages

Aug 9, 2012

တိုင်းပြည်ကို အန္တရာယ်တွင်းထဲ တွန်းပို့နေသူ သို့မဟုတ် ဝေနှင်းပွင့်သုန်



ဘလော့ဂ်လေးမှာ စာမရေးဖြစ်ခဲ့တာ တစ်နှစ်လောက်တောင် ရှိသွားပြီ။ အစကတော့ ပို့စ် အဟောင်းလေး ဘာလေး ပြန်တင်သေးတယ်။ နောက်တော့ ဘာမျှကို မလုပ်နိုင်တော့ဘူး။ ကိုယ့်ဘလော့ဂ်က လူသိတာ မဟုတ်ပေမဲ့ ခုရက်ပိုင်း စာပြန်ရေးဖို့ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းနေခဲ့တယ်။ မရေးဖြစ်ခဲ့ပါဘူး။ ခု ရေးဖြစ်ပြန်တော့လဲ ကိုယ်မရေးချင်တာကြီးက စရေးရမယ်။ မရေးချင်ပေမဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနှင့် ရေးသင့်လို့ ရေးလိုက်ရတာပါ။

တစ်နေ့က ဗွီအိုအေ (မြန်မာပိုင်း အစီအစဉ်)ရဲ့ ဝက်ဆိုက်စာမျက်နှာမှာ တင်ထားတဲ့ “ဖြေရှင်းရမယ့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ” ဆိုတဲ့ မြေးမြန်းခန်းကို ဖတ်မိတယ်။ “မြန်မာ့ ဒီမိုကရေစီ ရေးရာ ဆွေးနွေးခန်း” ကဏ္ဍမှာ တင်ပြသွားတဲ့ ဆွေးနွေးခန်းပါ။ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းက လန်ဒန် အခြေစိုက် Burma Campaign UK မှ မဝေနှင်းပွင့်သုန်ကို မေးမြန်းထားတာကို တင်ပြထားတာပါ။

ဖတ်ကြည့်တော့ မဝေနှင်းရဲ့ စကားအချို့ဟာ တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။ လိုရာ ဆွဲပြောထားတာ၊ misleading လိုမျိုးစကားတွေ ပြောထားတာတွေ တွေ့ရတယ်။ အစကတော့ ခပ်ကောင်းကောင်းပဲ။ သူစပြောတာက -

 “ကျမအနေနဲ့ ပြောရမယ်ဆိုရင် - အစ္စလာမ်ဘာသာဝင်တဦးအနေနဲ့ ပြောရမယ် ဆိုလို့ရှိရင် ဒီလိုမျိုး အကြမ်းဖက်မှုဆိုတဲ့အရာကို လုံးဝယုံကြည်ချက် မရှိဘူးရှင့်။”တဲ့။ မျှမျှတတ မြင်ပြီး ပြောတာဆိုရင် သိပ်ကောင်းမည့် စကားပါ။ မေးမြန်းခန်း တစ်ခုလုံးကို ဖတ်ကြည့်အပြီးမှာတော့ သူမက ရခိုင်တွေက ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်တယ်လို့ ယူဆလို့ ဒီစကားနှင့် အစပျိုးတယ်လို့ သဘောပေါက်မိတယ်။ ဒီမှာ မေးစရာရှိတာက 

၁။ ရခိုင်တိုင်းရင်းသားတွေက ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်တယ်လို့ ယူဆရင် ရိုဟင်ဂျာတွေကကော ရခိုင်တိုင်းရင်းသားတွေ အပေါ် အကြမ်းမဖက်ဘူးလား။ ပုံကြီးချဲ့ လိမ်လည် တင်ပြထားတာတွေကို ထောက်ပြီး ဇွတ်တော့ မငြင်းစေချင်ဘူး။ ဘာလို့လဲဆို ရိုဟင်ဂျာတွေက တစ်ခြားမှာ ဖြစ်ပျက်ခဲ့တဲ့ ပုံတွေကို ပြင်ပြီး ရခိုင်မှာ ဖြစ်နေတာတွေလို့ ကမ္ဘာကို လိမ်နေကြလို့ပါ။ အဲဒါတွေကို သိသိကြီးနှင့် လုပ်နေတယ်ဆိုရင် ဝေနှင်းလည်း ကြံရာပါလို့ ပြောရပါတော့မယ်။


၂။ ကမ္ဘာမှာ အကြမ်းဖက်မှုတွေကို ကြည့်လိုက်ရင် အစ္စလမ် ဘာသာဝင်တွေချည်းပဲလိုလို ဖြစ်နေတာကို မသိတာလားလို့ မေးချင်ပါတယ်။ အစ္စလမ်ဘာသာဝင်တိုင်း အကြမ်းမဖက်ပေမဲ့ အကြမ်းဖက်သူတိုင်း လိုလိုကတော့ အစ္စလမ်ဘာသာဝင်တွေ ဖြစ်နေတာကို ကမ္ဘာ့နေရာ အနှံ့အပြားမှာ တွေ့မြင်နိုင်ပါတယ်။ ဒါက မသိချင် မမြင်ချင် အဆုံးပါ။ ဒါကို မဝေနှင်း ဘယ်လို ပြောမလဲ။ ဥပမာ 9/ 11 အဖြစ်အပျက်မျိုးပါ။ အပြစ်မဲ့ မူဆလင်ဘာသာဝင်တွေ အပါအဝင် အပြစ်မဲ့ လေယာဉ်ခရီးသည်တွေ၊ အပြစ်မဲ့ အမွှာမျှော်စင်ပေါ်က လူ (သုံးထောင်ကျော်)ဟာ အစ္စလမ် အကြမ်းဖက်သမားတွေရဲ့ လက်ချက်နှင့် သေခဲ့ကြရတယ်။

နောက်တစ်ခု ကြည့်ကြည့်ရအောင်။ သူမက (ရိုဟင်ဂျာတွေဟာ) “တရားမဝင်လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူမဟုတ်တော့ဘူးလား။ သူတို့အနေနဲ့ ကျမတို့မှာ ရှိနေတဲ့ လူ့အခွင့်အရေးမျိုး သူတို့အနေနဲ့ မပိုင်ဆိုင်သင့်ဘူးလား။ မင်းက ငါနဲ့ ဘာသာမတူဘူး။ မင်း ဒီနိုင်ငံက မဟုတ်ဘူးဆိုတာနဲ့ သူတို့ကို ကျမတို့ သတ်တော့မလား။ ဒီလိုမျိုး အကြမ်းဖက်နည်းနဲ့ သွားမယ်ဆိုလို့ရှိရင် ကျမတို့က တိရစ္ဆာန်ထက်မခြားတော့ဘူးလေ။ အဲဒီလိုမျိုးတွေလည်း ကျမတို့ ကြည့်သင့်တယ်။” လို့ ပြောတယ်။ ဒီစကားရပ်တွေက တော်တော်ကို ဆိုးပါတယ်။ 

တရားမဝင်လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူမဟုတ်တော့ဘူးလား။”လို့ မေးရအောင်က တရားမဝင်လာနေတဲ့သူတွေ (သို့မဟုတ်) ရိုဟင်ဂျာတွေကို ဘယ်သူက လူမဟုတ်ဘူးလို့ ပြောနေလို့လဲ။ လူမှန်းလဲသိတယ်။ လူလို့လဲ အသိအမှတ်ပြုတယ်။ အသိအမှတ်မပြုတာက စာရေးသူအထင် တစ်ချို့လူတွေက ခိုးဝင်လာတာ၊ နောက် တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုတာသာဖြစ်ပါတယ်။ မဆိုင်ပဲနှင့် သူတို့က လူမဟုတ်ဘူးလားလို့ မေးတာကတော့ ပြဿနာကို ကြီးအောင် တမင်သက်သက် ဖန်တီးတယ်၊ ကိုယ့်ဘာသာဝင် အရေးမို့ ပုံကြီးချဲ့တယ်ဆိုတာ သိသာပါတယ်။ 

နောက်တစ်ခုက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာပဲ ဖြစ်ဖြစ်၊ တခြား မူဆလင်တွေပဲ ဖြစ်ဖြစ် ဘာသာရေးကို ဘာသာရေးအနေနှင့်ပဲ လုပ်ရင် လုပ်ခွင့်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ဗလီပေါင်း တစ်ထောင်ကျော် ရှိနေတယ် ဆိုတာကိုက အချို့ အစ္စလမ် နိုင်ငံတွေနှင့် စာရင် ဘာသာရေး လွတ်လပ်ခွင့် အများကြီး ရနေတာပါ။ တစ်ချို့မူဆလင် နိုင်ငံတွေမှာဆို ဗုဒ္ဓဘာသာ အမှတ်တံဆိပ်ပါတဲ့ စာအိပ်ခေါင်းတောင် ဝင်ခွင့်မပြုတာတွေ ရှိတယ်လို့ ဆိုပါတယ်။ တော်တော် ခေတ်မီပါတယ် လွပ်လပ်ပါတယ်ဆိုတဲ့ ဆော်ဒီနိုင်ငံမှာ ဗုဒ္ဓရုပ်တု တွေ့ရုံနှင့် ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးနေတာတွေနှင့် စာရင် မြန်မာပြည်က ဘာသာရေး လွတ်လပ်ခွင့်ဟာ အများကြီး မသာပေဘူးလား။ ဗုဒ္ဓဆင်းတု ကိုးကွယ်လို့ ဆိုပြီး ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးတာတွေကိုတော့ လူ့အခွင့်အရေး ဆရာတွေ ဘာမျှ မပြောကြ မလုပ်ကြဘူးလားလို့ ပြန်မေးရပါတော့မယ်။ တကယ်ဆို “လူတိုင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်” ဆိုတာ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေး တစ်ရပ် မဟုတ်ပါလား။ 

လူ့အခွင့်အရေးကို တကယ် ယုံကြည် မြတ်နိုးလို့ ဆောင်ရွက်တယ် ဆိုရင် ထောက်ခံ အားပေးပါတယ်။ အသိအမှတ်ပြု လေးစားပါတယ်။ တစ်ခုတော့ ရှိတယ်။ စလုပ်ရမှာကတော့ မူဆလင်နိုင်ငံတွေကို ပညာပေး စည်းရုံး တိုက်ပွဲဝင်ဖို့ပါပဲ။ မဝေနှင်းကိုယ်တိုင် ဗလီတက်ခွင့်ရအောင် အရင် လုပ်ပါဦး။ နောက်တစ်ဆင့်ကတော့ အမျိုးသမီး ဗလီဆရာ ဖြစ်အောင် လုပ်ပါဦးလို့ အကြံပေးပါရစေ။ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တစ်ဖက်သတ် ချိုးဖောက် ဖိနှိပ်ထားတာတွေနှင့် စာရင် မြန်မာနိုင်ငံက ဘာသာရေး လွပ်လပ်ခွင့်ဟာ အများကြီး ကောင်းနေပါသေးတယ်။ ဒီလိုပြောလို့ မြန်မာ အစိုးရဘက်က လိုက်ပြောတယ် မထင်လိုက်နှင့်။ စာရေးသူဟာလည်း စစ်အာဏာရှင်တွေရဲ့ ဖိနှိပ် ညှဉ်းပန်း အုပ်ချုပ်မှုကို စက်ဆုတ် ရွံရှာတဲ့ သူပါ။ 

လူ့အခွင့်အရေး သို့မဟုတ် အကြမ်းဖက် အသတ်ခံရမှုလို့ ပြောရင် ရိုဟင်ဂျာတွေ ထိခိုက် ဒဏ်ရာရတာ၊ သေဆုံးတာသာ လူ့အခွင့်အရေး ဖောက်ဖျက်ခံရတာ သို့မဟုတ် အကြမ်းဖက် အသတ်ခံရတာမဟုတ်ဘူး၊ ရခိုင် တိုင်းရင်းသားတွေ ရိုဟင်ဂျာတွေရဲ့ အသတ်ခံရတာ၊ အိမ်းတွေ မီးရှို့ခံရတာတွေဟာလည်း လူ့အခွင့်အရေး ဆုံးရှုံးတာ၊ အကြမ်းဖက်ခံရတာပဲ။ တရားမျှတတဲ့ မှန်ကန်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူသာ မှန်ခဲ့ရင် မဝေနှင်းဟာ ဒီလို တရားမျှတစွာ မြင်မှာပဲလို့ ယုံကြည်တယ်။

မဝေနှင်းရဲ့ “မင်း ဒီနိုင်ငံက မဟုတ်ဘူး ဆိုတာနဲ့ သူတို့ကို ကျမတို့ သတ်တော့မလား”လို့ ပြန်မေးခွန်းထုတ်တာကတော့ အဆိုးတကာ့ အဆိုးဆုံးပါပဲ။ အခုဖြစ်နေတာက အပြန်အလှန် သတ်နေကြတာပါ။ ဒဏ်ရာရကြ အသတ်ခံကြရတဲ့ ရိုဟင်ဂျာတွေ ရှိသလို ရခိုင် တိုင်းရင်းသားတွေထဲမှာလည်း သေဆုံးသူ ဒဏ်ရာရသူတွေ အများကြီးပါ။ ဒါတွေဟာ မြန်မာတိုင်း သိနေတဲ့ ကိစ္စပါ။ ဒါကို မသိဟန်ဆောင်ပြီး ရိုဟင်ဂျာတွေကို ဘာသာမတူလို့ သို့မဟုတ် လူမျိုးမတူလို့ (သို့မဟုတ်) ခိုးဝင်လာလို့ ရခိုင်တွေက သတ်နေသယောင်ယောင် ဘာရောင်ရောင်နှင့် ပြောဆိုဆွေးနွေးသွာတာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ ရခိုင်တိုင်းရင်းသားတွေကို လူမျိုးတုန်း သတ်ဖြတ်သူတွေလို့ အထင်ခံရအောင် ဝါဒဖြန့်သလို ဖြစ်နေတယ်။ တစ်နည်းပြောရလျှင် မြန်မာ (ဗုဒ္ဓဘာသာဝင်အများစု) အစိုးရဟာ အစ္စလမ်ဘာသာဝင်တွေကို မျိုးတုန်းသတ်ဖြတ်နေတယ်လို့ ကမ္ဘာက မြင်လာအောင် ပုံဖော်နေတယ် ဆိုတာ ပေါ်လွင်နေတယ်။ အထူးသဖြင့် အစ္စလမ် နိုင်ငံတွေက မြင်လာအောင် ပြောတြာ ဖစ်နိုင်ပါတယ်။


အမှန်ကို မျှမျှတတ မမြင်နိုင်ပဲ မွတ်ဆလင်ဘာသာဝင်များ အသာရရေး၊ ရိုဟင်ဂျာကိစ္စ အောင်မြင်ရေး အတွက် အဲဒီလို တဖက်သတ် ဇောင်းပေးပြီး ပြောဆို လုပ်ဆောင်နေတာတွေကြောင့် ဗုဒ္ဓဘာသာဝင်တွေ အပေါ် ကမ္ဘာက တစ်မျိုးမြင်လာနိုင်တာကိုတော့ ထည့်မထွက်တော့ဘူးလား။ အထူးသဖြင့် အစ္စလမ်နိုင်ငံတွေက မြင်လာပြီး ရန်ပြုမှာမျိုးကြတော့ လူ့အခွင့်အရေးဘက်က ကာကွယ် ပြောဆိုနေတဲ့ ဝေနှင်းတို့ ထည့်မတွက်တော့ဘူးလား။ ဒီကိစ္စက မြန်မာ အစိုးရတင် သိက္ခာကျတာ မဟုတ်ပဲ ဗုဒ္ဓဘာသာဝင်အားလုံး၊ မြန်မာတိုင်းရင်းသား အားလုံး အတွက် သိက္ခာကျစရာ ဖြစ်ရတယ်။ မဝေနှင်းရဲ့ ဒီလိုမျိုး လိုသလို ကောက်ချက်ချ၊ ဘက်လိုက် ပြောဆိုနေတာတွေဟာ မြန်မာအစိုးရကိုသာ မက မြန်မာနိုင်ငံသား အားလုံးကို အန္တရာယ်တွင်းထဲ တွန်းပို့နေသလို ဖြစ်နေတယ်။ 

အစ္စလမ် အစွန်းရောက်ပီသတယ် ပြောရမလားပဲ။ ဝေနှင်းတို့က ဒီကိစ္စကို ဗြိတိသျှ ပါလီမန်အထိရောက်အောင် တင်တယ်။ ကြံရာပါတွေက သမတ အိုဘားမား အစိုးရအထိ တက်လိမ်တယ်။ အစိုးရက လူ့အခွင့်အရေး ချိုးဖောက်လို့ လုပ်တယ်ဆို လက်ခံပါတယ်။ ခုတော့ မူဆလင် ရိုဟင်ဂျာတွေပဲ ခံနေရသလိုလို၊ ရခိုင်တိုင်းရင်းသားများနှင့် အစိုးရက ဘာသာမတူလို့ နှိပ်ကွပ်နေသလိုလို လုပ်နေတာကတော့ မျှတမှုကင်းတဲ့ သာသာရေး ရည်ရွယ်ချက်နှင့် လုပ်နေတယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။ ရခိုင်ပြည်နယ် အရေးဟာ လူမျိုးရေး ပဋိပက္ခဖြစ်နိုင်တယ်။ ဘာသာရေးနှင့်တော့ တိုက်ရိုက် မဆိုင်ပါဘူး။ မျိုးတုန်း သတ်ဖြတ်မှု ဆိုတာကတော့ ပိုလို့တောင် မဟုတ်သေး။ အပြန်အလန် အကြမ်းဖက်မှုဆိုရင်တော့ ဟုတ်ပါတယ်။ နယ်မြေကျူးကျော်သူနှင့် အကျူးကျော်ခံရသူတို့ရဲ့ ပဋိပက္ခဆိုရင်လည်း မမှားနိုင်ပါဘူး။ 

ဝေနှင်းတို့လို မှန်မှန် မမှန်မှန်၊ ကောင်းကောင်း မကောင်းကောင်း ကိုယ့်အကျိုးစီးပွား၊ ကိုယ့်ဘာသာဝင်တွေ အမြတ်ရ ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေနှင့် ပေါက်ကရလိုက်လုပ်လို့ လူမျိုးတုန်း သတ်ဖြတ်မှုလို့ အီရန်လို အစ္စလမ်နိုင်ငံတွေရဲ့ စွပ်စွဲတာ ခံနေကြရပါပြီ။ ဘင်္ဂလာဒေခ်ျ့ မှ ထုတ်ဝေသော The Daily Star သတင်းစာနှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံကလည်း မြန်မာ ဗုဒ္ဓဘာသာ အစိုးရသည် ရိုဟင်ဂျာ ဆိုသူများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း တနင်္လာနေ့က စွပ်စွဲ ပြောကြားလိုက်သည်လို့ ဆိုပါတယ်။

အခုဆို မြန်မာနိုင်ငံသားတွေဟာ အစ္စလမ် အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထားတာ ခံနေရပါပြီ။ တစ်နိုင်ငံလုံးဟာ မွတ်စလင် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရပါပြီ။ မြန်မာကို ပါကစ္စတန် အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ တခုဖြစ်တဲ့ (TTP)ကလည်း လက်တုန့်ပြန် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ သြဂုတ်လ (၄) ရက်နေ့က ဖြစ်ခဲ့တဲ့ သတင်းမှာ ဆိုရင် “မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို ဆက်လက် ဖိနှိပ်ရင် ဂျီဟတ် ဘာသာရေး စစ်ပွဲ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရနိုင်တယ်” လို့ အင်ဒိုနီးရှားမှ အကြမ်းဖက်သမား အဘူ ဘာကာ ဘာရှာက ခြိမ်းခြောက်လာပါတယ်။ 

ဒါမျိုးက သမိုင်းမှာ တစ်ခါမျှ မရှိခဲ့ဖူးပါဘူး။ လူ့အခွင့်အရေး ပန်းပြပြီး ကိုယ့်အတွက်၊ ကိုယ့်ဘာသာဝင်တွေ အတွက် အမြတ်ထုတ်နေတဲ့ သူတွေကြောင့်သာ မကြုံစဖူး အခြိမ်းခြောက် ခံနေရတာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စစ်ပွဲ ဖြစ်ပွားနေတဲ့ ကချင်လို တိုင်းရင်းသား အစစ်ကတောင် ခရစ်ယန်ဘာသာ ကိုးကွယ်လို့ မျိုးတုန်းသတ်ဖြတ်တယ်လို့ တစ်လုံးတစ်ပါဒ မပြောပဲ ခိုးဝင်လာတဲ့သူတွေက ဒီလို ပြောတာ မလွန်လွန်းဘူးလား။ တရားမျှတပါရဲ့လား။ မဝေနှင်းပွင့်သုန် အနေနှင့် စဉ်းစားစေချင်တယ်။ ဝေနှင်းရဲ့ မျက်စိတွေဟာ ဘာသာရေး တိမ်သလာ ဖုန်းနေလို ဖြစ်နေတယ် ထင်တယ်။

ဆွေးနွေးခန်း အဆုံးမှာ ဝေနှင်းက ပြောသွားတယ်။ “ကျမတို့ တကယ်ကို နက်နက်ရှိုင်းရှိုင်း ပြန်ကြည့်မယ် ဆိုလို့ရှိရင် မုန်းတီးမှုက ဘာသာရေးက စတာလို့ပဲ ကျမမြင်မိပါတယ်”တဲ့။ ဒါဆို အထက်က ပြောခဲ့သလို ကချင်တိုင်းရင်းသားတွေကိုလည်း ဘာသာ မတူလို့ အစိုးရက ထိုးစစ်ဆင်နေတာလား။ ကချင်က ရိုးသားတော့ အဲဒီလို မဟုတ်မတရား မပြောဘူး။ တကယ်လို့ မဝေနှင်း ပြောသလို ဘာသာရေးက စတာဆိုရင်လည်း တစ်ခြားဘာသာဝင်တွေ အပေါ် အမြဲပဲ ရန်ပြုတတ်တဲ့ အစွန်းရောက် မွတ်စလင်တွေကြောင့် စဖြစ်ရတာ ဖြစ်နိုင်ပါတယ်။ အခြားသော ဘာသာဝင်များကို မကူညီရဘူး” လို့ အစ္စလမ်က လွဲရင် တစ်ခြား ဘယ်ဘာသာတရားကမျှ သင်ကြားတယ်လို့ မထင်ဘူး။ ဗလီတွေမှာ အခြားဘာသာဝင်တွေကို ဆဲရေးကြိမ်းမောင်းနေတာ၊ ရန်သူလို ပြောဟောနေတာတွေကို ဒီနေ့ လူတွေ ပိုသိလာနေကြပါပြီ။ သမိုင်းကို ပြန်ကြည့်ရင်လည်း အာဖဂန် အင်ဒိုနီးရှား၊ မလေးရှား အပါအဝင် ဗုဒ္ဓဘာသာနိုင်ငံ များကို မူဆလင်တွေက အကြမ်းဖက် တိုက်ခိုက် သိမ်းယူပြီး အစ္စလမ်နိုင်ငံ တည်ထောင်ခဲ့တာပါ။

ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေနှင့် ပတ်သက်ပြီး တစ်ခုတော့ အသေအချာ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ အစ္စလမ် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်တာကို ခံရရင် ပြည်တွင်းရှိ အပြစ်ကင်းတဲ့ မူစလင်တွေလည်း ပြန်လည် အကြမ်းဖက်တာ ခံရနိုင်ပါတယ်။ ဒီလို ပြောလို့ စာရေးသူက လက်တုန့်ပြန်မယ်၊ လက်တုန့်ပြန်အောင် ဆွပေးတယ်လို့ မထင်နှင့်။ စာရေးသူဟာ ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါး ဖြစ်တာကြောင့် ကိုယ်တိုင်လည်း အကြမ်းမဖက်ဘူး။ အကြမ်းဖက်အောင်လည်း မတိုက်တွန်းဘူး။ ဘုရားဥပဒေအရ ရဟန်းတစ်ပါးဟာ လုပ်လည်း မလုပ်ကောင်းပါဘူး။ လူသတ်ခိုင်းလို့ သတ်လို့ လူသေရင် အလိုလို လူဖြစ်သွားပါပြီ။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ဒီလို ပြောနိုင်တာကတော့ “အကြမ်းဖက် လုပ်ရပ်ဟာ အကြမ်းဖက်မှုတွေနှင့်ပဲ သံသရာလည်တတ်တဲ့ သဘောရှိတာကြောင့်”ပါ။ 

နှစ်ဖက်မှ အပြစ်မဲ့ ပြည်သူတွေသာ သေကြရရင် လူ့အခွင့်အရေး ဟန်ပြပြီး အမြတ်ထုတ်လိုသူတွေ၊ ဝေနှင်းတို့လို ကိုယ့်ဘာသာဝင်တွေ အကျိုးစီးပွားသက်သက် အတွက် မြန်မာ တိုင်းရင်းသားတွေက ရိုဟင်ဂျာတွေကို လူလို့ မသတ်မှတ်ပဲ သတ်နေတယ်လို့ ကမ္ဘာကို လိမ်ညာ ဝါဒဖြန့် ပြောဆိုနေသူတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်လို့ အခိုင်အမာ ဆိုလိုက်ရပါတယ်။

လူ့အခွင့်အရေး အတွက် တကယ် အနစ်နာခံ ကြိုးစားလုပ်ကိုင် ဆောင်ရွက်နေကြသူတွေ၊ တိုင်းပြည် တိုးတက်ရေး အတွက် တကယ် အနစ်နာခံ လုပ်ဆောင်နေကြသူတွေ၊ မျိးချစ် မြန်မာတွေကိုလည်း လေးစားပါကြောင်းနှင့် ကျေးဇူးတင်ပါကြောင်းလည်း ဒီနေရာကနေ ပြောလိုက်ပါရစေ။

ကျေးဇူးတင်ပါတယ်။

ဘုန်းဉာဏ်

မှတ်ချက်။ ဆွေးနွေးလိုပါက ယဉ်ကျေးစွာ ဆွေးနွေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ညစ်ညမ်းသော စကားလုံးများ၊ ဆဲရေးသော စကားများ ပါရှိပါက မည်သည့်ဘက်မှ ဝင်ရောက် ဆွေးနွေးသည်ဖြစ်စေ၊ ယင်းကွန်မန့်အား ဖျက်ပစ်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ 

ပထမဆုံး ဓာတ်ပုံတင်ပြသူကို ညွှန်းလိုပါသော်လည်း မမှတ်မိတော့ပါသဖြင့် ညွန်းဆိုမပေးနိုင်သည်ကို အနူးအညွတ် တောင်းပန်အပ်ပါသည်။ ကျန်သည့် ပုံနှစ်ပုံကို "သစ်ထူးလွင်"သတင်းဆိုက်မှ ကူးယူပါသည်။

ရည်ညွှန်း

၂။ http://www.mizzimaburmese.com/news/breaking-newsbrief/9818-2012-08-07-13-09-13.html

၃။ http://www.thithtoolwin.com/2012/08/blog-post_7899.html?utm_source=BP_recent#.UCQsrlLzs1I




4 comments:

ခရစ္စတလ် said...

အမှန်တရားက တပည့်တော်တို့ မြန်မာနိုင်ငံက တိုင်းရင်းသားများဘက်မှာရှိပါတယ်ဘုရား။

အကုသိုလ်ပြုလုပ်သူတို့ရဲ့ထိုက်တန်တဲ့လမ်းက
ဖြောင့်တန်းနေမှာပါဘုရား။

_/\_

တြိရတနာ said...

ဘုန်းဘုန်း တပည့်တော် လင့်ကို ဖေ့စစ်ဘွတ်က ပို့စ်မှာ သူငယ်ချင်းရဲ့ ၎င်းမိန်းကလေးကို ဘယ်လိုမြင်ပါသလဲမှာ မေးခွန်းအောက်မှာ ကော်ပီလုပ်ရှယ်လိုက်ပါတယ်။ သုံးပြီမှ လျှောက်ထား ၊ ဖွင့်ပြော ၊ ခွင့်တောင်းခြင်းကို အထူးတောင်းပန်ပါတယ် အရှင်ဘုရား။

တြိရတနာ said...

Jul 25, 2011
လူ့ဘဝကို စောကြောကြည့်သည့် ဂန္ထဝင် မေးခွန်းများ /အရှင်ဘုရားဆက်ပါဦးမည် ၊ အလျှင်သင့်လျှင် ဖော်ပြပါမည် တွေ တပည့်တော်သွားရင်းတွေ့လာရတယ်ဘုရား။ နောက်ရေးမည့် ပို့တွေကို ဆက်ရေးပါဦးမည် ပို့တွေကို ဆက်ပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

tunlin said...

ဘုန်းဘုန်း တပည်.တော် ဒိpost တွေကို share ချင်ပါတယ်ဘုရား