Pages

Feb 1, 2011

အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၆)

(How to Overcome Your Difficulties ကို ဘာသာပြန် တင်ပြခြင်းမှ အဆက်) 

လိမ္မာပါးနပ်စွာ ပြုမူလုပ်ကိုင်ပ
လူဆိုတာ ကိုယ့်ရဲ့ ကျိုးစီးပွားရော အများရဲ့ အကျိုးစီးပွား အတွက်ပါ သူ့ရဲ့ နုပျိုမှု၊ ပစ္စည်းဥစ္စာနှင့် အသိအလိမ္မာ ဥာဏ်ပညာကို ကာလ၊ ဒေသ၊ နယ (သင့်လျှော်တဲ့ နည်း)နှင့် ဘယ်လို သုံးစွဲရတယ် ဆိုတာ သိရပါတယ်။ သူ့ရဲ့ အခွင့်အခါကောင်းကို တလွဲသုံးမယ်ဆိုရင် အဲဒီ အခွင့်အခါကောင်းဆိုတာက သူ့ရဲ့ ကျဆုံးခန်းကိုပဲ ဖြစ်စေပါလိမ့်မယ်။ “လူဆိုတာ ကိုယ် ဘယ်အချိန်မှာ အားနည်းတတ်တယ် ဆိုတာ သိဖို့ လိုအပ်တဲ့ သန်မာမှု ရှိရတယ်။ ကြောက်ရွံ့မှုကို ရင်ဆိုင်ဖို့ လိုအပ်တဲ့ ရဲရင့်မှု ရှိရတယ်။ ဂုဏ်သိက္ခာလည်း ရှိရတယ်။ ရိုးရိုးသားသားနှင့် အောင်ပွဲဆင်ဖို့ စာရိတ္တသတ္တိလည်း ရှိရတယ်။ နိဝါတတရားနှင့် အောင်ပွဲခံရာမှာ နူးညံ့သိမ်မွေ့မှုလည်း ရှိရပါတယ်။

တစ်ချို့လူတွေတော့ ကံကောင်းလို့ပဲဖြစ်ဖြစ်၊ အမွေရလိုက်လို့ပဲ ဖြစ်ဖြစ် ရုတ်တရက် ချမ်းသာကြွယ်ဝတာမျိုး ဝမ်းသာစရာမျိုးတွေ ရှိတတ်ကြတယ်။ ဒါပေမယ့် လူအများစုကတော့ အဲဒါကို ကာကွယ်ဖို့ ဒါမှမဟုတ် စောင့်ရှောက် ထိန်းသိမ်းဖို့၊ ဒါမှမဟုတ်လဲ အကျိုးရှိရှိ သုံးစွဲဖို့ အသိ အလိမ္မာ ဥာဏ်ပညာနှင့် မပြည့်စုံကြဘူး။ ချွေးနှင့် ရင်းရတဲ့ ပင်ပင်ပန်းပန်း လုပ်ရတဲ့ အလုပ်ကနေ ရတာမဟုတ်တဲ့ အရာတိုင်းဟာ ပေါက်လွှတ် သုံးဖြုန်းခြင်းကြောင့် အချီးနှီး ကုန်းသွားလေ့ရှိပါတယ်။

ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ထိန်းညှိပေးပ
အစဉ်အလာနှင့် ဓလေ့ထုံးတမ်းတွေဆိုတာ မည်သည့် လူမှုအသိုင်းအဝိုင်းမှာ မဆို လူသားတွေရဲ့ အတွေ့အကြုံတွေကို လေ့လာသင်ယူဖို့နှင့် မျှဝေကြဖို့ အရေးကြီးတဲ့ လမ်းကြောင်းတွေ ဖြစ်ပါတယ်။ အမြဲတမ်း ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက အတိတ်ကာလနှင့် အတူတူ နေမလား၊ လမ်းခွဲကြမလား ဆိုတာပဲ ဖြစ်ပါတယ်။ လူကြီးနှင့် လူငယ်ရဲ့ ကြားမှာ မျိုးဆက် ကွာဟမှုက အမြဲပဲ ရှိနေပါလိမ့်မယ်။ အကြောင်းကတော့ ပြောင်းလဲနေတဲ့ အခြေအနေတွေနှင့် တန်ဖိုးထားမှုတွေမှာ မတူကွဲပြားတဲ့ အမြင် သဘောထားတွေကြောင့်ပါပဲ။ လူငယ်တွေက အတိတ်ကာလ ဆိုတာကြီးက ခေတ်သစ်နေထိုင်မှုမှာ ဆူးငြောင့်ခလုတ် ဖြစ်လာနိုင်တယ်လို့ စိုးရိမ်ပူပန်ကြစဉ် မျိုးဆက်ဟောင်းကတော့ လူငယ်တွေ သူတို့ရဲ့ အမွေအနှစ်တွေ ပျောက်ပျက်ကုန်နိုင်တယ်လို့ စိုးရိမ် ကြောက်ရွံ့နေကြပါတယ်။

ပေါ်ပြူလာ ယဉ်ကျေးမှုက တဒင်္ဂသာခံတဲ့ အသည်းစွဲမှုတွေကို ဖန်တီးတတ်တယ်။ ပြီးတော့ ဘဝပုံစံတွေနှင့် ပဋိပက္ခဖြစ်မှုဆိုတဲ့ ပုံရိပ်တွေကို ဖော်ဆောင်ပြတဲ့ ရိုးရာလူစွမ်းကောင်းတွေကိုလဲ ဖန်တီးတတ်တာပဲ။ လူမှုဆက်သွယ်ရေးက ဒါကို အားဖြည့် ကူညီပေးပါတယ်။ လူထု ဆက်သွယ်ရေးက ဖြန့်ဖြူးပေးတာ မှန်သမျှကို လက်ခံလေ့ရှိပါတယ်။ ဟစ်ပီလှုပ်ရှားမှုတို့ ယူပီလှုပ်ရှားမှု ကဲ့သို့သော လှုပ်ရှားမှုတွေမှာ နိုင်ငံရေးအရ ဖြစ်စေ၊ လူမှုရေးအရ ဖြစ်စေ ပေးလိုတဲ့ သတင်းစကားတွေ ရှိကောင်း ရှိနိုင်ပါတယ်။ အဆိုးကနေ အကောင်းကို ခွဲခြားတတ်ဖို့ လူငယ်တွေမှာ မျိုးဆက်ဟောင်းရဲ့ ဥာဏ်ပညာ ရှိဖို့ အရေးကြီးပါတယ်။ အချိန်ကာလရဲ့ စမ်းသတ်မှုကို ခံပြီး ကောင်းတယ်လို့ သက်သေပြခဲ့ပြီး ဖြစ်တဲ့ တန်ဖိုးဟောင်းတွေဟာ မပြောင်းလဲပါဘူး။ ဂုဏ်သိက္ခာရှိရှိ နေဖို့အတွက် ခြိုးခြံချွေတာမှု၊ ရိုးသားဖြောင့်မတ်မှု၊ သဘောထား ကြီးမှုနှင့် ကြိုးစားမှုတွေကတော့ မည်သည့် လူမှုအဝန်းအဝိုင်းမှာပဲဖြစ်ဖြစ် နုပျို လန်းဆန်းစွာ ဆက်ရှိနေမှာပါပဲ။

အာရှအသိုင်းအဝိုင်းမှာတော့ လက်ထပ်မှုများ၊ ဈာပနများနှင့် ပတ်သက်တဲ့ ဓလေ့ထုံးတမ်းနှင့် အစဉ်အလာတွေဟာ အလွန်မှ အရေးကြီးပါတယ်။ မေးစရာရှိတာက ခေတ်သစ်ကမ္ဘာကြီးမှာ ဒီဓလေ့ ထုံးတမ်းတွေ၊ အစဉ်အလာတွေကို ဆောင်ရွက်ဖို့ များပြားလှတဲ့ ငွေတွေနှင့် အချိန်တွေကို သုံးသင့်ပါရဲ့လား ဆိုတာပါပဲ။ အဲဒါတွေက အမှန်တကယ်ကော လိုအပ်ပါသလား။ ကာလာမသုတ်တော်မှာ ရှင်တော်ဗုဒ္ဓ ပေးတော်မူခဲ့တဲ့ အကြံဥာဏ်ထက် ကောင်းတဲ့ အကြံဥာဏ်တော့ မရှိတော့ပါဘူး။

ဒီအယူအဆတွေကတော့ဖြင့် အကျိုးမပြီး အချီးနှီးဖြစ်တယ်၊ ကဲ့ရဲ့ပြစ်တင်နိုင်တယ်၊ ပညာရှိတွေက ကဲ့ရဲ့ကြတယ်၊ ဒါ့အပြင် အဲဒီအယူအဆတွေကို ယူပြီး အကျိုးရှိအောင် လုပ်ပြန်တော့ မကောင်းကျိုးနှင့် ဆင်ရဲစေတာပဲလို့ ကိုယ်ကိုတိုင် သိတဲ့အခါမှာ အဲဒါတွေကို စွန့်လွှတ်သင့်တယ်။ ဒါတွေကတော့ဖြင့် ကောင်းတယ်၊ အပြစ်ကင်းတယ်၊ ပညာရှိတွေ ချီးမွမ်းကြတယ်၊ ဒါ့အပြင် အဲဒီအယူအဆတွေကို ယူပြီး အကျိုးရှိအောင် လုပ်ပြန်တော့ အကျိုးရှိစေတယ်၊ ချမ်းသာမှုကို ဖြစ်စေတယ်လို့ သိတဲ့အခါ အဲဒါတွေကို လိုက်နာ လုပ်ဆောင်ပြီး အဲဒါတွေနှင့်အညီ နေထိုင်သင့်တယ်။

လူတိုင်းဟာ စင်္ကြာဝဠာကြီးရဲ့ သတ္တဝါတစ်မျိုးပါပဲ။ လူသားဟာ ကျွန်ုပ်တို့တွေရဲ့ လူမှုအဖွဲ့အစည်းကို ပိုပြီး လူသားဆန် (အကြင်နာတရားရှိ)ဖို့၊ ပိုကောင်းအောင် စနစ်တကျ ပြန်ချမှတ်တာတွေ လုပ်ဆောင်ဖို့ ပတ်သက်နေသေးသမျှတော့ အချိန်က လူကြီးနှင့် လူငယ်တွေကြားက ကွာဟချက်ကို အမြဲပဲ တံတား ခင်းပေးပါလိမ့်မယ်။ အပြောင်းအလဲဘက်ကို ကြောက်ရွံ့စိုးရိမ်တာက သူတို့တွေရဲ့ ဆုပ်ကိုင်ထားတာကို ချောင်ချိစေပါလိမ့်မယ်။ လူကြီးတွေ သတိရရမှာက သူတို့တွေ ငယ်စဉ်တုန်းက ခေတ်ဆန်တယ်လို့ စဉ်းစား ယူဆခံခဲ့ရတဲ့ တစ်ချို့တစ်ချို့သော နေပုံထိုင်ပုံတွေကို သူတို့ကိုယ်တိုင်ရဲ့ မိဘတွေက ဘယ်နည်းဘယ်ပုံ ကန့်ကွက်ခဲ့ကြတယ် ဆိုတာကိုပါပဲ။ ပြဿနာတစ်ရပ်နှင့် ပတ်သက်လို့ အမြင် သဘောထား ကွဲပြားမှု အပေါ်မှာ သည်းခံတာက ကောင်းမြတ်တဲ့ အကျင့်တစ်ခုပါ။ ပွင့်လင်းသည့် သဘောထားသည်သာလျှင် စိတ်ချမ်းသာ ပျော်ရွှင်ဖွယ်ရာ တစ်ခုတည်းသော သဘောထား ဖြစ်နိုင်ပါတယ်။

ဆက်ပါဦးမည်။
ဘုန်ားဏ်

2 comments:

Crystal said...

စာဖတ်ရောက်ခဲ့ပါတယ်ဘုရား။

ဘုန်းဥာဏ် said...

ကျေးဇူးတင်ပါတယ်။