Pages

Aug 17, 2010

အားလုံး မင်္ဂလာပါ

လာရောက် လည်ပတ်သူ အားလုံးကို မင်္ဂလာပါလို့ ရှေးဦးစွာ နှုတ်ခွန်း ဆက်သလိုက်ပါတယ်။

စာရေးသူ မြန်မာပြည်မှာ ရောက်နေစဉ် ဘာစာမှ အသစ်မတင်ပေးနိုင်ခဲ့ပါဘူး။ ပိုအားနာဖို့ ကောင်းတာက ဗွီအိုအေက ဘဘော့ဂါတွေ ပြောသမျှ အစီအစဉ်မှာ မိမိရဲ့ ဘလော့ဂ်အကြောင်း ထုပ်လွင့်ပြီး နောက်ရက် နံနက် (မေ ၁၀ ရက်)မှာ မြန်မာပြည်ကို ပြန်သွားခဲ့ပါတယ်။ အဲဒီကတည်းက သုံးလကျော်လောက်အတွင်းမှာ 'လွပ်လပ်စွာ ရွေးချယ်ခွင့်' ဆိုတာတစ်ပုဒ်ပဲ ပို့စ်အသစ်တင်ဖြစ်ခဲ့တာပါပဲ။ (ဒါတောင် ဖြည့်စွက် ပြင်ဆင် စရာလေးတွေ ရှိပါသေးတယ်)။ ဒီအတွက် လာရောက် စာဖတ်သူအားလုံးကို နားလည်ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေ။

အခုတော့ Mumbai ကို ရောက်နေပါတယ်။ ရောက်စမို့ နေရေးထိုင်ရေး နှင့် အခြားကိစ္စလေးတွေ ရှိနေသေး တာကြောင့် အခုလောလောဆယ် စာပြန်စရေးဖြစ်ဖို့ မသေချာသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ပို့စ်အသစ် တင်နိုင်အောင် ကြိုးစားပါ့မယ်။ ဗုဒ္ဓဒေသနာတော်များမှ ကောက်နှုတ်ချက် တစ်ချို့တစ်ဝက်နှင့် ရေးပြီးသား အနဲအကျဉ်းလဲ ရှိတဲ့အတွက် အခွင့်သင့်ရင် တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း

ဘုန်းဥာဏ်
Mumbai, India
17/08/2010

2 comments:

Crystal said...

ဘုန်းဘုန်း အသစ်တင်တာလေးတွေကို စောင့်နေပါတယ်ဘုရား

ဘုန်းဉာဏ် said...

စောင့်ပြီး အားပေးတာ ကျေးဇူးပါ Crystal ရေ။