Pages

Sep 8, 2012

လူ့ဘဝရှိ သဘာဝဗီဇ သုံးခု




လူသားများ အနေဖြင့် ကျွန်ုပ်တို့တွင် လက္ခဏာ သို့မဟုတ် ဗီဇသဘာဝ သုံးမျိုး ရှိကြပါသည်။ အမည်ထုတ်ပြောရသော် တိရစ္ဆာန် သဘာဝ၊ လူသား သဘာဝနှင့် နတ် သဘာဝတို့ ဖြစ်ပါသည်။ 

ကျွန်ုပ်တို့သည် ဤ ဗီဇသဘာဝများကို တွေ့ရှိခံစားရန် နတ်ပြည်တွင် ပြန်လည် မွေးဖွားသည် အထိ သို့မဟုတ် ငရဲကျသည်အထိ စောင့်ရန် မလိုပါ။ တိရစ္ဆာန်များတွင် ကြောင်းကျိုး ဆင်ခြင်ဉာဏ် အားနည်းကြသည်။ သို့သော် ကျွန်ုပ်တို့ လူသားများ အနေဖြင့်မူ ကျွန်ုပ်တို့၏ အသိဉာဏ်ကို အသုံးပြုလျက် တိရစ္ဆာန် သဘာဝကို ချိုးနှိမ်နိုင် ထိန်းချုပ်နိုင်ပါသည်။ ယင်းသို့ လုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ လူသား သဘာဝကို ပျိုးထောင်နိုင်သည့် အပြင် ကျွန်ုပ်တို့မှာ ရှိသည့် နတ် သဘာဝကိုပင် ရှာဖွေဖော်ထုတ်နိုင်ပေသည်။ 

တိရစ္ဆာန်များမှာ လုံးဝဥဿုံ နီးပါး ဗီဇဓာတ်၏ လှုံ့ဆော်မူကို ခံကြရကား ၄င်းတို့၏ တိရစ္ဆာန် သဘာဝကို ထိန်းချုပ်ရန် နည်းလမ်း မရှိပေ။ ကျွန်ုပ်တို့သည် လူသားများ ဖြစ်ကြခြင်းကြောင့် မိမိတို့၏ စိတ်ကို ခွဲခြမ်းစိတ်ဖြာရန်နှင့် သင့် မသင့် ဆင်ခြင်ရန် အတွက် အသုံးပြုလျက် တစ်ခုခုကို ကျင့်ဝတ်နှင့် ညီ မညီ နားလည် သဘောပေါက်ကြပါသည်။ အချို့သော အရာများမှာ ဆိုးညစ်ယုတ်မာပြီး အန္တရာယ်ရှိသည်ကိုလည်းကောင်း၊ အချို့မှာ မိမိတို့ အတွက်သာ မက အခြားသူများ အတွက်ပါ ကောင်းမြတ်ပြီး အသုံးတည့်သည်ကိုလည်းကောင်း ကျွန်ုပ်တို့ နားလည် သဘောပေါက်ကြပြီး ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် လူသားများကို အခြားသော သတ္တဝါများထက် အဆင့်မြင့်သည့် နေရာတွင် နေရာပေးထားပါသည်။ မိမိတို့၏  တိရစ္ဆာန် သဘာဝကို ချိုးနှိမ် ထိန်းချုပ်ခြင်း အားဖြင့်လည်းကောင်း၊ မေတ္တာနှင့် ကရုဏာတရားတို့ကို ပွားများစေခြင်း အားဖြင့်လည်းကောင်း ကျွန်ုပ်တို့သည် စိတ်ကို ချုပ်တည်း သည်းခံခြင်း၊ အခွင့်ပေးခြင်း၊ နားလည်မှု၊ ညီညွတ်မှု၊ သဟဇာတဖြစ်မှုနှင့် ချစ်ကြည်မှုတို့ကို တိုးတက် ပွားများစေကြရပါသည်။ ဤတရားများမှာ လူသား အရည်အသွေးများ ဖြစ်ပါသည်။

ဘာသာတရား၏ မူလ ရည်ရွယ်ချက်မှာ ဤ ဂုဏ်အရည်အသွေးများ မြှင့်တင် အားပေးပြီး ပြုစု ပျိုးထောင် ပေးရန် ဖြစ်ပါသည်။ သို့ဖြစ်ငြားလည်း အချို့သော ဤအရည်အသွေးများသည် ကျွန်ုပ်တို့တွင် မွေးကတည်းက ပါလာသည် ဆိုသည်ကို ကျွန်ုပ်တို့ နားလည် သဘောပေါက်ရပါမည်။ စင်စစ်သော်ကား ဘာသာတရားများ မပေါ်ပေါက်မီ ကတည်းက စံမှီသည့် ဤ အရည်အသွေးများကို ဖြစ်ပေါ်တိုးတက်စေခဲ့ကြပြီးပါပြီ။ လူသားတို့၏ စိတ်သည် နတ်ချမ်းသာကို ခံစားနိုင်သည် အထိ လွယ်လင့်တကူ ပွားများနိုင်ခဲ့လောက်အောင်ပင် မြင့်တက်ခဲ့ကြသည်။ ဤသည်ကို အခြားသော သက်ရှိ သတ္တဝါများ မလုပ်ဆောင်နိုင်။ လူသားတို့စိတ်သည် အလွန် ရှုပ်ထွေးလှသည့် ယန္တရား တစ်ခု ဖြစ်သည်။ 

စိတ်သည် ငရဲလို အဆိုးဆုံးမျိုးကို ဖန်တီးနိုင်သည်။ အစားအသောက် အတွက် ဖြစ်စေ၊ ကာကွယ်မှု အတွက် ဖြစ်စေ သတ်ပုတ်ကြရသည့် အခြားသော သတ္တဝါများနှင့် မတူပဲ စိတ်သည် လူများကို လောဘနှင့် မနာလိုမှု အတွက် သတ်ဖြတ်စေသည့် အပြင် အပျော်သဘော အတွက်ပင် သတ်ဖြတ်စေတတ်ပါသည်။ သို့ဖြစ်စေကာမူ ဘယ်သောအခါမျှ ကျေနပ် အားရနိုင်သည် မရှိ။ လိုချင်မှု တစ်မျိုးကို ကျေနပ်နှစ်သက်စေပြီးသည်နှင့် တစ်ပြိုင်နက် ချက်ခြင်းပင် အခြားတစ်ခု အတွက် တတ်မက်မိပြန်သည်။ အကျိုးဆက် အနေနှင့် သူသည် အမြဲမပြတ်ပင် မပျော် မရွှင် ဖြစ်နေရတော့သည်။ 

မဟတ္တမ ဂန္ဓီက “ကမ္ဘာကြီးမှာ လူတိုင်း၏ လိုအပ်ချက်များ အတွက် လုံလုံလောက်လောက် ရှိပါသည်။ သို့သော် လူတစ်ယောက်၏ လောဘ အတွက်ပင် လုံလောက်အောင် မရှိပါချေ” ဟူ၍ မြွက်ကြားခဲ့သည်။ လူသားများသည် အင်အားပိုကြီးရန်၊ အာဏာပိုရှိရန်နှင့် ပိုမိုခံစားလိုမှုများ အတွက် တပ်မက်သည့် ဝိသမ လောဘကြောင့် အချင်းချင်း အကြားမှာပင် တိုက်ခိုက်နေကြပါသည်။
 

Dr. K. Sri Dhammananda "Buddhist Principles for Human Dignity" မှ "Three Natures in Human Life"ကို ဘာသာပြန်ပါသည်။

ဘုန်းဉာဏ်

Sep 1, 2012

လူ့စိတ်၏ သဘောသဘာဝ



လူ့ စိတ်သည် စကြာဝဠာ တစ်ခုလုံးရှိ ဓာတ်များကို သော်လည်းကောင်း၊ ကမ္ဘာ့ စနစ်များကို သော်လည်းကောင်း ထိုးထွင်းသိပြီး ခွဲခြားစိတ်ဖြာနိုင်စွမ်း ရှိသည်။ စိတ်တွင် လျှင်မြန်စွာ ဖြစ်ချုပ်နေသည့် စေတသိက်များလည်း ပါဝင်သည်။ ယင်း စေတသိက်တို့သည် လျက်စီးလက်သည့် အမြန်နှုန်းဖြင့် အမြဲ ဖြစ်လိုက် ပျက်လိုက် ဖြစ်နေသည်။ ၄င်းသည် အားကောင်း ပြင်းထန်သည့် စွမ်းရည် ပုံစံ တစ်မျိုး ဖြစ်သည်။ စင်စစ်သော်ကား လူသား၏ စိတ်နှင့် နှိုင်းယှဉ်နိုင်သည့် စွမ်းရည်မျိုး မည်သည် မရှိပါပေ။ စိတ်ဟူသည် အရာအားလုံး၏ ရှေးသွား ဖြစ်ပါ၏။ စိတ်သည် မြင့်မြတ်ပါ၏။ အရာအားလုံးသည် စိတ်သာလျှင် အရင်းမူလ ရှိပါကုန်၏။ ဗုဒ္ဓရှင်တော်မြတ်က “အလျှင်အမြန် ပြေးသွားတတ်သည့် လူ့စိတ်မှ တစ်ပါး အခြားသော စွမ်းအင်ကို ငါ ဘုရား မြင်တော်မမူပေ”ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။ ဥပမာ … သိပ္ပံပညာကို လေ့လာသူတို့သည် အနုမြူ (atom)၏ သဘောတရားကို အလွယ်တကူပင် သဘောပေါက်ကြပေလိမ့်မည်။ အနုမြူမှုန် တစ်ခုသည် တစ် စက္ကန့် အတွင်းမှာပင် အကြိမ်ပေါင်း သန်းချီပြီး ပြောင်းလဲတတ်သည်။

ဗုဒ္ဓဘာသာ စိတ်ပညာတွင် လူ့စိတ် အကြိမ်ပေါင်း (၁၇) ကြိမ် ပြောင်းလဲချိန်တွင် ရုပ်ကား တစ်ကြိမ်သာ ပြောင်းလဲသည်ဟု ကျွန်ုပ်တို့ကို ပြောပြထားသည်။ အနုမြူများနှင့် ဒြပ်စင်များသည်လည်း ယင်း ဥပဒေသအတိုင်းပင် လည်ပတ်နေပေသည်။ ဇီဝဗေဒကို လေ့လာသူတို့သည် ကလာပ်စည်းများနှင့် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင်းရှိ အရာရာတိုင်းသည် အချိန်နှင့် အမျှ ပြောင်းလဲနေရကြောင်း နားလည်နိုင်ကြပေသည်။ ကျွန်ုပ်တို့၏ စိတ် စွမ်အင်တို့သည် လျက်စီးလက်မှုထက် အကြိမ်ပေါင်း တစ်ထောင် ပိုမြန်ကာ ဖြစ် ပျက်နေပါသည်။ ထိုသို့သောအရာသည် စိတ်၏ သဘောသဘာဝပင် ဖြစ်ပါသည်။

၎င်းအပြင် လောကတွင် ဖြစ်ပျက်သည့် အရာအားလုံး အတွက် စိတ်မှာပင် တာဝန် ရှိပါသည်။ ရှင်တော် ဗုဒ္ဓက “ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ ဤစကြာဝဠာ အတွင်း တည်ရှိသမျှ အတွက် စိတ်မှာပင် တာဝန် ရှိပါ၏။ ”ဟု ဟောပြတော်မူခဲ့ပါသည်။ “သင် တွေးထင်ထားသည့် အတိုင်း သင် ဖြစ်လာရသည်”ဟု စကားပုံ တစ်ခုလည်း ရှိပါသည်။ ကျွန်ုပ်တို့ ဖြစ်နေသမျှသည် ကျွန်ုပ်တို့ စိတ်ကူးစိတ်သန်း၏ အကျိုးရလဒ် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပြဿနာများ အတွက် နတ်ဘုရားများ၊ တစ္ဆေသရဲများနှင့် နတ်မိစ္ဆာများကို အပြစ်တင်နေကြခြင်းသည် ကျွန်ုပ်တို့၏ လှည့်စားတတ်သည့် စိတ်အာရုံကြောင့် ဖြစ်ပါသည်။ အချို့လူများကမူ ယနေ့ ကျွန်ုပ်တို့ ဒုက္ခခံစားရမှုမှာ ဟိုး … ဘိုးဘေး ဘီဘင်တို့ ကျူးလွန်ခဲ့ကြသည့် ‘မူလအစ’ အပြစ်ကြီး (sin)၏ အကျိုးဆက်ဖြစ်သည် ဟုပင် ယုံကြည်နေကြသည်။ (sin-ဟု ခေါ်သည့် ဒုစရိုက်ကြီးမျိုး ဗုဒ္ဓဘာသာတွင် မရှိပါ။ ဖန်ဆင်းရှင် ဘာသာတွင် အထူးသဖြင့် ခရစ်ယန်ဘာသာ တရားတွင် ရှိသည်။ ယင်းကို ရည်ရွယ်ဟန် တူပါသည်။ ဘာသာပြန်သူ)။ အဲဒီလိုသာ ဆိုခဲ့လျှင် တိရစ္ဆာန်များ အတွက် ဘယ်လို ပြောကြပါမည်နည်း။ သူတို့လည်း ဗျာဓိသဘော ခံစားကြရသည်။ အိုမင်းရင့်ရော်ပြီး သေဆုံးကြရသည်ပင်။ တိရစ္ဆာန်များလည်း ၄င်းတို့၏ မူလအစ အပြစ်ကြီး (sin)၏ အကျိုးကို ခံစားနေကြရတာပါလား။ သစ်ပင်များသည်လည်း အနာဖြစ်မှု၊ ကြီးရင့်မှုနှင့် သေဆုံးမှုတို့ကို ခံစားကြရသည်။ ၄င်းတို့သည်လည်း မူလအစ အပြစ်ကြီး (sin)ကြောင့် ဤ ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသလော။

အခြားသူ တစ်ဦးတစ်ယောက်၏ စိတ်ကို မည်သူမျှ မထိန်းချုပ်နိုင်ပေ။ သို့သော် မိမိ၏ စိတ်ကို မိမိ ပွားများ တိုးတက်စေလျှင်ကား ကောင်းသည့် ကိစ္စအတွက် ဖြစ်စေ၊ မကောင်းသည့် ကိစ္စအတွက်ဖြစ်စေ အခြားသူများ အပေါ် ကြီးမားသည့် လွှမ်းမိုးမှုကို ဖြစ်စေနိုင်ပါသည်။ သိပ္ပံပညာ တိုးတက်မှုကို ကိုယ်ကျိုးအတ္တ ကိစ္စရပ်များ အတွက် အချို့လူများက လွဲမှားစွာ အသုံးချခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းများ ပြုလုပ်နိုင်ပါသည်။ အခြား တစ်ဖက်တွင်မူ ဓမ္မသဘောတရား သို့မဟုတ် စကြာဝဠာ၏ အလုပ်လုပ်ပုံများကို ခံစား နားလည်ရန် စိတ်ကို ထိန်းကျောင်းပြီး အသုံးချနိုင်ပါသည်။

ဥပမာ - စိတ်ကို ပွားများ တိုးတက်စေခြင်းဖြင့် အမျိုးသား အမျိုးသမီးတို့သည် အနုမြူ တစ်ခု၏ အတွင်းရှိ စွမ်းအင်ကို ရှာဖွေဖော်ထုပ်တွေ့ရှိကြပြီး လူသား ကောင်းကျိုးအတွက် အပြုသဘောဆောင်သည့် အလုပ် အများအပြားကို လုပ်ဆောင်ရန် ဤပညာကို အသုံးပြုခဲ့ကြသည်။ သို့သော်လည်း ဆန့်ကျင်ဘက် အနေဖြင့် ယင်း ရှာဖွေတွေ့ရှိမှု ဖြစ်စဉ်တွင် ကမ္ဘာကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် နယူကလီးယား လက်နက်များကိုလည်း တည်ထွင်ခဲ့ကြသည်။ စိတ်ကို သင့်တင့်စွာ မထိန်းချုပ်လျှင် သို့မဟုတ် လေ့ကျင့်မှု မပြုလျှင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အန္တရာယ်များမှာ အမှန်တကယ်ပင် စိတ်ကူး၍ မရနိုင်အောင်ပင် ဖြစ်ပေလိမ့်မည်။ စိတ်ထဲတွင် ချက်ခြင်း ပေါ်လာသည့် ဥပမာ တစ်ခုကို ဆိုရပါမူ ဟစ်တလာ (Hitler) ပင် ဖြစ်ပါသည်။ သူသည် ကြီးကျယ်သည့် ဉာဏ်ပညာကို ဆိုးယုတ်သည့် ကိစ္စများ အတွက် အသုံးပြုခဲ့သည်။

သက်ရှိ သတ္တဝါ အားလုံး လိုလိုသည် လူသားတို့၏ အတ္တဆန်သည့် လောဘစိတ်ကြောင့် တဖြေးဖြေး မျိုးတုန်း ပျောက်ကွယ်လာနေသည်။ ယင်း လောဘစိတ် ဆိုသည်မှာ သင့်တင့်လျှောက်ပတ်စွာ မကျင့်ကြံသည့် စိတ်များမှ ဖြစ်ပေါ်လာသည်။ ၄င်းတို့သည် ရေနှင့် လေကို ညစ်ညမ်းစေပြီး သဘာဝပတ်ဝန်းကျင်ကို တိုးတက်အောင် လုပ်နေပါသည်ဟု ပြောနေရင်း ဖျက်ဆီးပစ်နေကြသည်။ အမှန်တော့ သဘာဝပတ်ဝန်းကျင်ကို တိုးတက်အောင် လုပ်နေပါသည်ဟု ပြောနေစဉ် ဖျက်ဆီးပစ်ဖို့ စိတ်တိမ်းညွတ်နေကြသည်။ အခြားသော သက်ရှိ သတ္တဝါများသည် မည်သည့် အရာကိုမျှ လူသားများလောက် မဖျက်ဆီးပါဟု ကျွန်ုပ်တို့ ဝန်ခံကြရပေမည်။

 Dr. K. Sri Dhammananda "Buddhist Principles for Human Dignity" မှ "The Nature of The Human Mind"ကို ဘာသာပြန်ပါသည်။

ပုံကို ဤ နေရာမှ ယူပါသည်။ 

ဘုန်းဉာဏ်

Aug 25, 2012

လူ့ဘဝ၏ ကြီးမြတ်မှု


ဘာသာတရား တစ်ခု၏ တာဝန်ကား လူသားကို ငြိမ်းချမ်းစွာ နေထိုင်တတ်စေရန်နှင့် လူ့ဂုဏ်သိက္ခာကို ထိမ်းသိမ်း စောင့်ရှောက်ရန် မြင့်မြတ်သည့် ကိုယ်ကျင့်တရား ဥပဒေသများကို ဖြည့်ဆည်းပေးရန် ဖြစ်၏။ သို့မဟုတ်ပါက လူသားတို့၏ ကြီးကျယ်မြင့်မြတ်မှု အကြောင်းကို ပြောဆိုရန် မဖြစ်နိုင်ပေ။ အကြောင်းကား အိပ်၊ စား၊ ကာမ ဤသုံးဝ အတွက်သာ အသက်ရှင်နေသည့် အခြားသော သတ္တဝါများ၏ အဆင့်အတန်းသို့ လျှောကျသွားမည် ဖြစ်သောကြောင့်ပင်။ လူသားများသည်လည်း ဤအခြေခံ လိုအပ်ချက်များ ပြည့်ဝ ကျေနပ်စေရန် အတွက်သာ အသက်ရှင်သည်ဆိုပါက ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ လူသားများ ဖြစ်ကြောင်း ပြသစရာ များများစားစား ရှိလှမည် မဟုတ်တော့ပေ။ လူသားများကား အသက်ရှင်သန်ရုံမျှ အဆင့်ကို ကျော်လွန်ပြီး မိမိ၏ စစ်မှန်စွာ ဖြစ်တည်မှုကို ရှာဖွေနိုင်စွမ်း ရှိပါသည်။

ဗုဒ္ဓဘာသာတွင် ဤအရာကို ဓမ္မဟု ခေါ်ပါ၏။ ဤဓမ္မကို အခြားသော သက်ရှိသတ္တဝါတို့ ထိုးထွင်း၍ မသိနိုင်။ အကြောင်းကား လူသား၏ ဉာဏ်ပညာသည် စကြာဝဠာအတွင်းရှိ အခြားသော သက်ရှိ သတ္တဝါတို့ ဉာဏ်ထက် ထက်မြက်သောကြောင့် ဖြစ်သည်။ လူသား၏ စိတ်သည်သာ ဓမ္မကို နားလည် သဘောပေါက်နိုင်၏။ လူသားများကား ဤစကြာဝဠာရှိ သက်ရှိသတ္တဝါများ အနက် ဘာသာတရားလို ရှုပ်ထွေးလှသည့် စနစ်တစ်ခုကို ကြံစည် စိတ်ကူးနိုင်သည့် တစ်မျိုးတည်းသော သက်ရှိသတ္တဝါ ဖြစ်ကြောင်း မှတ်သားထိုက်ပါ၏။ နတ် ဗြဟ္မာများမှာပင် သီးခြား ဘာသာတရားဟူ၍ မရှိပေ။

ကျွန်ုပ်တို့ လူသားများသည် နတ် သို့မဟုတ် ဗြဟ္မာများကို သူတို့၏ အမည်ဖြင့် ရှိခိုး ပူဇော်ကြသော်လည်း လူသားတို့၏ ဉာဏ်ပညာသည် ၄င်းတို့၏ ဉာဏ်ပညာထက် သာလွန်ကြောင်းကို ကျွန်ုပ်တို့ သဘောပေါက် နားလည်ကြရပေမည်။ ဤအချက်ကြောင့်ပင်လျှင် နတ်တစ်ပါးသည်လည်းကောင်း၊ ဗြာဟ္မာ တစ်ဆူသည်လည်းကောင်း ဘုရား ဖြစ်မလာနိုင်ခြင်း ဖြစ်ပေသည်။ လူတစ်မျိုးတည်း သာလျှင် သမ္မာသမ္ဗောဓိဉာဏ်သို့ တက်လှမ်းနိုင်ပေသည်။ အကြောင်းကား လူသည်သာ သူ၏ အသိဉာဏ်ကို အမြင့်ဆုံး အမြတ်ဆုံး အဆင့်အထိ ပွားများ မြင့်တက်လာအောင် စွမ်းဆောင်နိုင်ရည် ရှိသောကြောင့်ပင်။

ဆိုခဲ့ပြီးသည့် ဤ ဉာဏ်အထူးကို ရရှိပြီးသော လူသားသည် သူ့ဘဝ တည်ရှိမှုသဘောကို နားလည်ရန်လည်း ကြိုးစားတတ်ပါ၏။ သူ့ကို မြင့်မြတ်ပြီး လေးစားရစေမည့် စနစ်ကျသည့် ကိုယ်ကျင့် နီတိကို တည်ဆောက်ရန်လည်း ကြိုးစားတတ်ပါ၏။ အတိတ်ကာလနှင့် လက်ရှိ အတွေးအခေါ်သမားတို့သည် ဘဝတည်ရှိမှု ဆိုင်ရာ ပြဿနာသုံးရပ်ကို နက်နက်နဲနဲ စဉ်းစား တွေးခေါ်ခဲ့ကြလေပြီ။ ၄င်း ပြဿနာ သုံးရပ်ကား “အကျွန်ုပ်ကား အဘယ်သူနည်း”၊ “ဤလောက ဤဘဝတွင် အကျွန်ုပ် ဘာတွေ လုပ်နေသနည်း” ဆိုတာနှင့် “ကျွန်ုပ်ကို လိုအပ်ပါရဲ့လား” ဆိုသည်တို့ ဖြစ်ပါသည်။ ဤပြဿနာတို့၏ အဖြေများကား လူကို အဓိပ္ပါယ်ရှိသည့် ဘဝဖြစ်တည်မှု အဖြစ် နေတတ်ရန် အခြေခံ အကြောင်းရင်းကို ဖြည့်ဆည်းပေးပါသည်။

လူ၏ အခြေခံ ကိုယ်ကျင့်တရား ဥပဒေသကား ဘယ်အရာ ဖြစ်ပါသနည်း။ ဤမေးခွန်းကို ဖြေဆိုဖို့ရာ ‘လူသား’ ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပါယ်ကား အဘယ်နည်း ဆိုသည်ကို ကိုယ့်ကိုယ်ကို ဦးစွာ မေးရပေမည်။ လူသားများကို ရည်ညွှန်းသော အခါ ပါဠိဘာသာနှင့် သက္ကဋ ဘာသာစကားတို့က  “မနုဿ (manussa)” သို့မဟုတ် “မနုသျ (manusya)” ဆိုသော စကားလုံးကို အသုံးပြုသည်။ ယင်းစကားလုံးကား များစွာ အဓိပ္ပါယ်ရှိသော စကားလုံး ဖြစ်ပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင်၊ “man” ဆိုသော အင်္ဂလိပ် စကားလုံးသည်လည်း “စဉ်းစားတွေးခေါ်ခြင်း”ဟု အဓိပ္ပါယ်ရသည့် သက္ကဋစကား “manu” မှ ဆင်းသက်လာသည်။ 

လူသားတို့သည် စိတ်ကို ပြုစုပျိုးထောင်ပြီး အမြင့်ဆုံး အဆင့်ထိ တိုးတက်ပွားများစေနိုင်သော တစ်မျိုးတည်းသော သက်ရှိ သတ္တဝါများ ဖြစ်သည်။ ယင်းသို့သော သက်ရှိသတ္တဝါမျိုးကို မနုဿ (လူ)ဟု ခေါ်သည်။ “man” ဆိုသော စကားလုံးသည်လည်း စိတ်ဟု အဓိပ္ပါယ်ရသည့် မန ဆိုသော စကားလုံးမှ ဆင်းသက်လာသည်။ ဤအကြောင်းကြောင့်ပင် တွေးတော စဉ်းစားရန် စိတ်ရှိသော သတ္တဝါကို လူဟု ခေါ်သည်။ လူသည် သူ၏ မြင့်မားသော အသိဉာဏ်ဖြင့် သူ၏ လိုအင်ဆန္ဒများကို ဦးတည် လမ်းကြောင်းပေးရပေမည်။ ထို့ပြင် သူ့ဘဝကို သူ ရွေးချယ်သည့်အရာ ဖြစ်ပေါ်စေရန် စွမ်းဆောင်နိုင်ရပေမည်။ (လူသားဟု ကျွန်ုပ်တို့ ရည်ညွှန်းပြောဆိုသည့်အခါ ကျား မ မရွေး လူသားအားလုံး အကြောင်းကို စဉ်းစားနေတာ အမှန်ပဲဖြစ်ပါတယ်။ အမျိုးသမီးများသည် ဉာဏ်ပညာအရ ဖြစ်စေ၊ စိတ်ဓာတ်ပိုင်း အရ ဖြစ်စေ၊ ကိုယ်ကျင့်တရားပိုင်းအရ ဖြစ်စေ မည်သည့်နည်းနှင့်မျှ အမျိုးသားများထက် နိမ့်သည်ဟု စဉ်းစား ယူဆစရာ အကြောင်း မရှိပါပေ)။ 

တရုတ်ကတော့ လူသားဆိုတာကို “ကြင်နာမှုကို နှစ်သက်တတ်တဲ့ နှလုံးသား ရှိသူ” ရယ်လို့ အဓိပ္ပါယ် ဖွင့်ပါသည်။ လူသား၏ နှလုံးသားမှာ စာနာမှုနှင့် ရိုးသားမှု ရှိရပါမည်။ ယင်း အရည်အသွေး နှစ်ရပ် မရှိလျှင်တော့ သူ့ကို စစ်မှန်သော လူသားဟု မမှတ်ယူတော့ပါဘူး။ အနောက်တိုင်း ဒဿနဆရာများကတော့ “လူသားများ”ကို ကြောင်းကျိုး ဆင်ခြင်ဉာဏ်ကို အသုံးပြုတတ်သူများလို့ အဓိပ္ပါယ် ဖွင့်ဆိုပါသည်။ လူသားများ ဆိုတာ ဆင်ခြင်တုံတရားဖြင့် ပြုမူတတ်သူများ ဖြစ်ပါသည်။ အခြားသော သက်ရှိ သတ္တဝါများကတော့ အသက်ရှင်သန်မှု၊ မြူးတူးပျော်ပါးမှုနှင့် အကာအကွယ်ရယူမှုတို့ကို အသေအချာ ရရှိစေဖို့ ၄င်းတို့၏ အလိုအလျှောက် တုန့်ပြန်နိုင်မှု (ဗီဇဓာတ်)ကိုသာ အသုံးပြုပါသည်။ မကောင်းသော အတွေးအကြံများမှ ရှောင်ကြဉ်၍ သီလကို တိုးတက်ပွားများစေလျက် စိတ်ကို ပြုစုပျိုးထောင် (ပွားများ)ပေးသည့် အခါ စိတ်စင်ကြယ်မှုကို ဖြစ်စေသည့် တည်ကြည်မှုကို ရရှိနိုင်ပါသည်။ 


အသိပေးခြင်း။ K. Sri Dhammananda ၏ "Buddhist Principles for Human Dignity" မှ "Superiority of Human Life"ကို ဘာသာပြန်ပါသည်။

Aug 19, 2012

ကျွန်ုပ်တို့၏ အလုပ်


ကျွန်ုပ်တို့ကား ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်ချင်ပါသည်။ လောကကြီးတွင် ကောင်းကွက် ဆိုးကွက်များ၊ သာယာ လှပမှုနှင့် အကျည်းတန် အရုပ်ဆိုးမှုများကို မှန်မှန်ကန်ကန် တည့်တည့် မတ်မတ် ရှုမြင်လိုပါသည်။ 

လောကကြီးကို သူ့ အရှိအတိုင်း ရှုမြင်ပါ။ မကြောက်ရွံ့ပါနှင့်။ ဉာဏ်ပညာဖြင့် လောကကြီးကို အနိုင်ယူပါ။ လောကကြီးဆီမှ လာသော ထိန့်လန့်တုန်လှုပ်ဖွယ်ရာ၏  ဟန့်တားမှုကို မျက်စိမှတ်ပြီး ငြိမ်ခံမနေပါနှင့်။ 

ဖန်ဆင်းရှင်ဘုရား (God) ဆိုသည့် အယူဝါဒ တစ်ခုလုံးဟာ ရှေးဟောင်း အရှေ့တိုင်း သက်ဦးဆံပိုင် စနစ်မှ လာသည့် အယူအဆ တစ်ခု ဖြစ်သည်။ ၄င်းသည် လွတ်လပ်သည့် လူသားများ အတွက် အတော်ပင် မထိုက်တန်သည့် အယူအဆ တစ်ခု ဖြစ်သည်။

ဘုရားရှိခိုးကျောင်းတွင် သူတို့အဆင့် သူတို့ နှိမ့်ချ ဖျက်ဆီးပြီး တကယ့် ငမိုက်သား ဒုစရိုက်သမားများ အဖြစ် ပြောဆိုသံကို သင် ကြားရသည့် အခါ ကျန်တာများသည်လည်း အထင်သေး စက်ဆုတ်ဖွယ်ရာ ဖြစ်ပုံရသည်။ မိမိကိုယ်ကိုယ် လေးစားထိုက်သည့် လူသားများ မဟုတ်သည့် ပုံပေါက်နေသည်။ 

အခက်အခဲ ကျရောက်နေသော်လည်း မားမားမတ်မတ်ရပ်ပြီး လောကကြီးကို တည့်တည့် ကြည့်သင့် ပါသည်။ လောကကြီးကို ကျွန်ုပ်တို့ တတ်နိုင်သမျှ အကောင်းဆုံ ဖြစ်အောင် လုပ်သင့်ပေသည်။ ကျွန်ုပ်တို့ ဆန္ဒရှိသည့် အတိုင်း သိပ် အကောင်းကြီး မဖြစ်လျှင်တောင် အဆုံးမှာတော့ ခေတ်တိုင်းမှာ အခြားသူများ လုပ်ဆောင်ပြီးခဲ့ကြသည့် ကမ္ဘာကြီး ထက်တော့ ပိုမို ကောင်းမွန် နေပေလိမ့်ဦးမည်။ 

ကောင်းမွန်သည့် လောကကြီးဆိုတာ ဉာဏ်ပညာ၊ မေတ္တာတရားနှင့် သတ္တိ လိုအပ်ပါသည်။ အတိတ်ကို တွေးပြီး နောင်တရနေသည့် ဥပါဒါန်မျိုးလည်း မလိုအပ်ဘူး။ ပညာမဲ့သူများ ရှေးရှေးတုန်းက ပြောခဲ့တဲ့ စကားလုံးများရဲ့ လွတ်လပ်သည့် ဉာဏ်ပညာကို ချုပ်ချယ်ထားမှုလည်း မလိုအပ်ဘူး။ 

လိုအပ်တာက ကြောက်ရွံ့မှုကင်းတဲ့ အမြင်နှင့် လွတ်လပ်သည့် ဉာဏ်ပညာပါပဲ။ ကုန်လွန်သွားခဲ့ပြီး ဖြစ်တဲ့ အတိတ်ကို တစ်ချိန်လုံး ပြန်ကြည့်မနေပဲ အနာဂတ်အတွက် မျှော်လင့်ချက် လိုအပ်ပါသည်။ ကျွန်ုပ်တို့ရဲ့ ဉာဏ်ပညာက ဖန်တီးနိုင်စွမ်းသည့် အနာဂတ်သည် ထို အတိတ်ကို အများကြီး သာလွန် ကျော်လွှားသွားမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။


မှတ်ချက်။ Routledge က ၂၀၀၅ ခုနှစ်တွင် ပြန်လည် ထုတ်ဝေထားသည့် ဘာထရန် ရပ်ဆယ်၏ Why I am not a Christian (pp. 18 -9)မှ WHAT WE MUST DO ကို ဘာသာပြန်ပါသည်။ ယခု ဘာသာပြန်သည့် စာပိုဒ်မှာ ယင်း ဟောပြောချက်၏ နောက်ဆုံး အပိုဒ် ဖြစ်ပါသည်။ ယင်း ဟောပြောချက်ကို ဖတ်ပြသည့် အသံဖိုင် (လေးပိုင်း)ကို You Tube တွင် ရှာဖွေ နားဆင်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ဘုန်းဉာဏ်

Aug 15, 2012

ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂါလီတွေကို မျိုးတုန်း သတ်ဖြတ်တယ်ဆိုတာ လုံးဝ မဟုတ်ပါ။ ဘင်္ဂါလီတို့ရဲ့ လိမ်လည်မှုတွေဟာ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်။



(ဒီတစ်ပတ်တော့ ပါကစ္စတန် နိုင်ငံသား စာရေးဆရာနှင့် ဘလော့ဂါဖြစ်သူ ဖရာ့ဇ် အာမက် (Faraz Ahmed)ရဲ့ Not At All Genocide on Bengalis in Rakhine State--Their Lies will Fade away ကို ဘာသာပြန်ပြီး ဖော်ပြလိုက်ရပါတယ်။)

စာရေးဆရာနှင့် ဘလော့ဂါဖြစ်သူ ဖရာ့ဇ် အာမက် (Faraz Ahmed) ဟာ ပါကစ္စတန်မှ ဖြစ်ပြီး သူက အမှန်တရားကို ပြောပြထားတယ်။ သူက လူမှုရေး ကွန်ယက်ပေါ်က ဓာတ်ပုံတွေဟာ တကယ့် လုပ်ကြံဇာတ်လမ်းတွေပါလို့ ပြောပါတယ်။ မြန်မာပြည်မှ ဘင်္ဂါလီ အရေးအခင်းကာလနှင့် ပတ်သက်လို့ ဓာတ်ပုံအတုတွေ အများအပြား ပါဝင်တယ်ဆိုတာ ကျွန်ုပ်တို့အားလုံး သိကြပါတယ်။ 

ပညာတတ်ပြီး အစွန်းမရောက်တဲ့ မူဆလင်အချို့ဟာ တူရကီ နိုင်ငံခြားရေး ဝန်ကြီး၊ ရယ်စရာပုံကြီး ပေါက်နေပြီး အကျဉ်းကျနေတဲ့ အစ္စလမ် ဘုန်းကြီး အဘူ ဘာကာ ဘာရှား (Abu Bakar Bashir) တို့နှင့် မတူပဲ မြန်မာကို စော်ကားတာ သို့မဟုတ် ခြိမ်းခြောက်တာတွေ မလုပ်ပါဘူး။ တူရကီ နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာပြည်ကို မသွားခင်ကတောင် မြန်မာပြည်မှာ မူဆလင်တွေကို မျိုးတုန်းသတ်ဖြတ်မှု ရှိနေပါတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ မှားလိုက်လေဗျာ။ အင်ဒိုနီးရှား အကျဉ်းထောင်ထဲက ဘုန်းကြီးကလဲ သင်္ကြန် အမြောက်ပစ်ပြီး မြန်မာ သမ္မတ ဦးသိန်းစိန်ဆီ စာတစ်ဆောင်ရေးပို့လိုက်သေးတယ်။ ရယ်စရာ ကောင်းလိုက်လေခြင်းဗျာ။ ဒီအစွန်းရောက် သက်ကျားအိုကြီးက မြန်မာ သမ္မတ ဦးသိန်းစိန်ဆီ ပေးတဲ့ သူ့ရဲ့ စာထဲမှာ မူဆလင် ရိုဟင်ဂျာတွေကိုသာ ဆက် ဒုက္ခပေးနေဦးမယ်ဆိုလျှင် မြန်မာပြည်ကို စစ်ဆင်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အင်ဒိုနီးရှားရှိ မြန်မာသံရုံးက မြန်မာပြည်ကို ဖျက်ဆီးဖို့ အဓိဋ္ဌာန်ပြု သန္နိဋ္ဌာန်ချထားတဲ့ ဒီ အကျဉ်းသားကို တုန့်ပြန်ပြီးဖြစ်သင့်တာပေါ့ဗျာ။ (((((((:-

ဒီ အကျဉ်းကျ (အစ္စလမ်) ဘုန်းကြီးဟာ ဆီရီးယား၊ အီရန်နှင့် အာဖဂန် နစ်စတန်တို့နှင့် ပတ်သက်ပြီး ပိုပြီး စိတ်ပူသင့်တာပေါ့။ အမေရိကန်တွေကတော့ အချို့သော အစ္စလမ် နိုင်ငံတွေမှာ စစ်ပွဲတွေ လုံလုံလောက်လောက် ဆင်နွှဲပြီးပါပြီ။ ဒီ ကျူးကျော်စစ်ပွဲတွေရဲ့ အကြေင်းရင်းကိုပဲ ဖြစ်ဖြစ်၊ စစ်တိုက်ရတာဟာ တိုက်သင့်တိုက်ထိုက်လို့ တိုက်ရတာပါဆိုတဲ့ စစ်ပွဲအပြီး ရှင်းပြချက်တွေကိုပဲ ဖြစ်ဖြစ်
ကျွန်တော်တို့ အပြည့်အဝ နားလည်နိုင်ချင်မှ နားလည်မှာ ဖြစ်ပေမဲ့ သူတို့တွေက စစ်ပွဲတွေ ဆင်နွှဲပြီးပါပြီ။ ဘာပဲဖြစ်ဖြစ်ဗျာ၊ ဒီ (အစ္စလမ်) ဘုန်းကြီးတွေဟာ အနည်းအကျဉ်း အမြတ်ရတဲ့ လုပ်ငန်တစ်ခုလည်း ဖြစ်ချင်ဖြစ်နိုင်တဲ့ အထူးသဖြင့် စစ်ပွဲတွေ ဆက်ဖြစ်နေအောင် ဖန်တီးနိုင်တဲ့ အင်အားကြီး အနောက် နိုင်ငံတွေနှင့် ပတ်သက်လို့ ပိုပြီး စိုးရိမ်သင့်တာပေါ့။

ဒီ (အစ္စလမ်) ဘုန်းကြီးတွေဟာ သူတို့ ခြိမ်းခြောက်မှုတွေနှင့် ပတ်သက်လို့ တကယ်လုပ်လာနိုင်တယ် ဒါမှမဟုတ် လုပ်လိမ့်မယ်လို့ ယုံမနေပါနှင့်။ သူတို့တွေက ဇာတ်လမ်းတွေ လုပ်ကြံဖန်တီးတယ်။ ပြီးတော့ လှိမ့်ပြီး အော်ဟစ်တယ် - သူတို့တွေက အကြီးအကျယ် လိမ်ကြတယ်။ (အုပ်ချုပ်သူ လူတန်းစားမှ အပ) မြန်မာပြည်လို အလွန်မှကို အထိအခိုက်မခံတဲ့ နိုင်ငံကို အသာထားလိုက်ပါဗျာ။ နိုင်ငံရဲ့ အနောက်ပိုင်း နယ်စပ်ကို ဖြတ်ကျော်ပြီးတာနှင့် တစ်ပြိုင်နက် နိုင်ငံသား အခွင့်အရေးတွေ တောင်းဆိုနေကြတဲ့ တရားမဝင် ခိုးဝင်လာသူ ဘင်္ဂါလီ ၈၀၀, ၀၀၀ ဟာ ဘယ်လို ဒုက္ခများ ခံစားနေရလို့လဲ။

တရားမဝင် ဝင်ရောက်နေထိုင်သူ ဒီ ဘင်္ဂါလီ အများစုကြီးဟာ အနည်းငယ် အထိန်းအကွပ်မဲ့နေတယ်။ အိန္ဒိယကလဲ သူတို့ကို မလိုချင်ဘူး။ ကျွန်တော် ဆိုလိုတာက ဒီ့ အရင် တခြားနိုင်ငံက မဆင်မခြင် ခိုးဝင်လာသူ အများစုဟာ သူတို့ဘာသာ သူတို့တောင် ပြဿနာ အများကြီးနှင့် ရင်ဆိုင်နေရတဲ့ ဘယ်နိုင်ငံ အတွက်မဆို ဝန်ထုပ်ဝန်ပိုးကြီး အမြဲဖြစ်နေပါတယ်။ ဘန်းကလားဒတ်ရှ်ကလည်း သူတို့ကို ပြန် လက်မခံချင်ဘူး။ မြန်မာပြည်ဟာ နှစ်ပေါင်း (၅၀) ကြာ စစ်အုပ်ချုပ်ရေးအောက်မှာ နည်းလမ်းပေါင်းစုံနှင့် စိစိညက်ညက် ကျေနေအောင် အလုပ်ခံထားရတဲ့ မသန်မစွမ်း ရုန်းကန်နေရဆဲ အခြား အိမ်နီးခြင်း နိုင်ငံတစ်ခုပါ။ သို့သော်လည်း သူလျှောက်လှမ်းနေရတဲ့ လမ်းမှာ အကန်းသူငယ်လေး သဖွယ် ရုန်းကန်ပြီး တိုးတက်အောင် လုပ်နေတဲ့ မြန်မာပြည်ဟာ ဘင်္ဂလားဒတ်ရှ်က ခိုးဝင်လာသူ (၈၀၀, ၀၀၀) ကို လက်ခံဖို့ လုံးဝ လုံးဝကို ပြင်ဆင်မထားခဲ့ရသေးပါဘူး။

ဒီအမှုမျိုးနှင့် ပတ်သက်တဲ့ ဘယ်နိုင်ငံက ဥပဒေ အရပဲ ဖြစ်ဖြစ် တရားဝင် ခွင့်ပြုချက်မရပဲ တိုင်းပြည်ထဲ နေထိုင်သူ ဘယ်သူမဆိုဟာ တရားမဝင် ရွှေ့ပြောင်နေထိုင်သူသာ ဖြစ်ပါတယ်။ ဘာကြောင့်များ မြန်မာပြည်က ဒီလူအားလုံးကို လက်ခံရမှာလဲဗျာ။ လက်ခံခဲ့တယ်ဆိုလျှင်တော့ ဘင်္ဂလားဒတ်ရှ် အတွက် အတော်ကြီးကို သက်သာရာ ရသွားပြီး ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုလုံး အတွက်တော့ နိုင်ငံရေး စီးပွားရေး နှစ်ခုလုံးမှာပါ ကပ်ဘေးဆိုးကြီး ကျရောက်တော့တာပါပဲ။ လွန်ခဲ့တဲ့ လတွေတစ်လျှောက်လုံး သွေးထိုးလှုံ့ဆော်မှုတွေ တသီတတန်းကြီး စလုပ်ပြီး ရခိုင် ဗုဒ္ဓဘာသာတွေ အပေါ် အကြမ်းဖက်မှုတွေ စလုပ်ခဲ့သူတွေဟာ တရားမဝင် ဘင်္ဂါလီ ကျူးကျော် အခြချ နေထိုင်သူတွေ ဖြစ်ပါတယ်။ စောင့်ကြပ် တားဆီးမှု ကင်းမဲ့နေတဲ့ အနောက်ဖက် နယ်စပ်မှ တရားမဝင် စုပြုံဝင်ရောက်လာသူတွေရဲ့ ခြိမ်းခြောက်မှုကို လုံးဝ တားဆီးပေးဖို့ မြန်မာပြည်သူ တစ်ရပ်လုံးက တောင်းဆိုခဲ့ကြပါတယ်။

သို့ပေမဲ့ အစိုးရကတော့ ရခိုင်ပြည်သူတွေရဲ့ တောင်းဆိုမှုကို လျစ်လျှူရှုခဲ့ပါတယ်။ ကြည့်ရတာ အကျင့်အပျက်ဆုံး မြန်မာ သက်ကျားအို စစ်ဗိုလ်ချုပ်ကြီးတွေဟာ ၂၀၁၀ မှာ မဲ အလုံအလောက် မရမှာကို စိတ်ပူပန် ဆင်းရဲနေခဲ့ပုံရပါတယ်။ အကျိုးဆက်အနေနှင့်ကတော့ ရခိုင်ပြည်နယ်က အာဏာပိုင်တွေက ကျူးကျော်ဝင်ရောက်လာသူတွေကို လိုလိုလားလား ကူညီပြီးတာနှင့် တပြိုင်နက် တရားမဝင် ရွေ့ပြောင်း အခြေချမှုဟာ တရားဝင်လာပါတော့တယ်။ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေထံမှ လာဘ်စားခဲ့ကြတဲ့ အချို့သော မြန်မာ အရာရှိတွေရဲ့ လုပ်ရပ်ရဲ့ အကျိုး ရလဒ် ကတော့ ထောင်ပေါင်းများစွာသော မဲပေးခွင့် သက်သေခံ ကဒ်ပြားများကို ဒီ တရားမဝင် အခြေချ နေထိုင်လာသူတွေကို ထုတ်ပေးခဲ့ပါတယ်။ ဒီ မဲပေးခွင့်ကဒ် ကိုင်ဆောင် ထားသူတွေဟာ မြန်မာစကား သို့ဟုတ် ရခိုင်ဒေသသုံးစကားကိုတောင်မှ မပြောတတ်ကြတာကို စဉ်းစား ကြည့်ကြပါဗျာ။ အခုထိ သမ္မတ အနားမှာ တရားမဝင် ဝင်လာသူ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားအဖြစ် အခြေစိုက်လာတာကို၊ အခြေစိုက်ပြီးနောက် နှစ်အနည်းငယ် အတွင်းမှာ တဖြေးဖြေးနှင့် သီးခြား အစ္စလမ်မစ် နိုင်ငံတော် ဖြစ်ရေးဆီသို့ လုပ်ဆောင်နေတာကို ကူညီပြီး လုပ်ပေးနေတဲ့ ကောက်ကျစ်ယုတ်မာတဲ့ ဆွယ်ပေးနေသူ အချို့ ရှိနေပါတယ်။

အချိန်တိုင်းမှာ လက်မခံလိုတဲ့ အိမ်ရှင်နိုင်ငံကို ဒီ ကျူးကျော်ဝင်ရောက်လာသူတွေကို လက်ခံဖို့ တွန်းအားပေးပြီးရင်း ပေးနေကြပါတယ်။ စဉ်းစားချင့်ချိန်တတ်တဲ့ အစိုးရကတော့ ၄င်းရဲ့ လူဝင်မှု ဥပဒေကို တင်းတင်းကြပ်ကြပ်ကို အသုံးချရမှာပဲပါပဲ။ မှန်ကန်တဲ့ တရားဝင် စာရွက်စာတမ်း မရှိသူတွေကို ပြန်ပို့ရပါလိမ့်မယ်။ တရားမဝင် ဝယ်ယူထားတဲ့ အထောက်အထားများကို အမှီပြုရမှာ မဟုတ်ပါဘူး။ မြန်မာပြည်ထဲကို စုပြုံဝင်ရောက်လာတဲ့ အခါ သူတို့တွေဟာ သူတို့ရဲ့ လိမ်ညာမှုတွေ၊ မြန်မာ ရခိုင်များ အပေါ် အထက်စီးဆန်ဆန် လုပ်ရပ်တွေထဲမှာပဲ ပျက်သုဉ်းသင့်ပါတယ်။ (သူတို့တွေကို အဲဒီလိုတွေထဲမှာ ဖမ်းမိလျက်သား ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။)

တချိန်ထဲမှာပဲ အလွန်သဘောထားကြီးသူတွေ အဖြစ် သို့မဟုတ် လက်ဝဲဝါဒီ လက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူများ အဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူထားသူ မြန်မာများပင်လျှင် ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ သဘောထားကြီးပြီး စိတ်ကူးပေါက်ရာ ထလုပ်ခြင်းမျိုးနှင့်မှ မြန်မာပြည်ကြီးကို မစွန့်လွှတ်ရဘူး ဆိုတာကို နားလည်ထားရမယ်။ တံခါးတိုင်နောက်က အမှန်တရားကတော့ ဒီလိုမျိုး မနှစ်သက်ဖွယ် လူမျိုးစု ပဋိပက္ခဟာ အချိုးအစားကျကျ ဖြစ်ပွားခဲ့ပါတယ်။ (လူ ၈၀ လောက်သာ သေဆုံးခြင်းဆိုတဲ့) အချက်အလက်နှင့် ကိန်းဂဏန်းတွေကို နိုင်ငံရေးအရ ချဲ့ကားပြီး အနောက်နိုင်ငံက အကျင့်ပျက် သတင်းဌာနများက အဖြစ်အပျက်ကို လှလှပပ အသုံချသွားတဲ့ဆီကို ရောက်အောင် အရှိန်မြှင့်ပေးခဲ့ကြတယ်။ ရခိုင်ပြည်နယ်က အကျင့်ပျက် လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက အသံမထွက်ကြဘူး။ နေပြည်တော်က အုပ်ချုပ်သူ ဖောက်ပြန်ရေး အလွှာအဖွဲ့ဝင်တွေက ပြဿနာကို အတော်လေး နှေးကွေးစွာ တုံ့ပြန်နေကြတယ်။ ဒီလို ဖြစ်လာအောင် စီမံထားခဲ့ကြတဲ့ နေပြည်တော်က သစ္စာဖောက် ဆွဲသမားတွေကတော့ တက်ကြွနေတုန်းပဲဗျာ့။ သူတို့များဗျာ အတော်လေး ထူးခြားဆန်းပြားတဲ့ အလုပ်အကိုင်တွေတောင် ရနေလိုက်ကြသေး။ သူတို့ထဲက အချို့ကတော့ နိုင်ငံရေး ပွဲစားသက်သက်ပါ။ ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာကို အခုလို ဖြစ်သွားအောင် စီစဉ်ထားခဲ့ကြတာဟာ သူတို့တွေ နှလုံးသားမဲ့ကြတာပါ။ ဒါကြောင့်ပဲ လူ ဒါဇင် အနည်းငယ်ရဲ့ အသက်တွေ သေခဲ့ကြရ၊ ထောင်ပေါင်းများစွာသော ရခိုင်ပြည်သူတွေ အိုးအိမ် စွန့်ခွါ ထွက်ပြေးကြရပါတယ်။ ဆော်ဒီနှင့် အခြားသော မူဆလင် သာသာရေးတင်းကျပ်သူ အစုအဖွဲ့တွေဆီက လာဘ်ထိုးမှုဟာ ဒီလူတွေရဲ့ နိုင်ငံရေး အလုပ်တွေကို ကူညီပေးပါတယ်။ ဒီလုပ်ရပ်ကို တခါတည်း အဆုံးသတ်ပစ်ရပါမယ်။

အနောက်တိုင်း ပညာတတ် မြန်မာလူမျိုး အများစုဟာ လစ်ဘရယ်ဆန်ဆန် တုန့်ပြန်တတ်တဲ့နည်းလမ်း အသင့်အတန် ရှိကြပါတယ်။ ဒါပေမဲ့ ဒါက သူတို့ကို မမှန်တာတွေကို ပြောဆိုနေဖို့ကိုသော်လည်းကောင်း၊ တူရကီ နိုင်ငံခြားရေး ဝန်ကြီးနှင့် သဘောတူညီမှုကိုသော်လည်းကောင်း၊ အနောက်ကမ္ဘာမှ လိမ်လည်မှုများကို ဖြန့်ဖြူးနေသည့် မီဒီယာတစ်ခုခုကိုသော်လည်းကောင်း ကန့်သတ်ထားမှာ မဟုတ်ပါဘူး။ စဉ်းစားဆင်ခြင်ဉာဏ်မဲ့တဲ့ ဒီလို အလည်အပတ်လာသူတွေ လာတဲ့ အခါ အနောက်အုပ်စု မီဒီယာတွေက ကြိုးကိုင် ခြယ်လှယ်ထားတဲ့ အတိုင်း ချမှတ်ပြီးသား အစီအစဉ်တွေနှင့် မလာသင့်ပါဘူး။ မြန်မာ အာဏာပိုင်တွေနှင့် ရခိုင်မျိုးချစ်တွေက ဘင်္ဂါလီ ရိုဟင်ဂျာတွေကို မျိုးတုန်းသတ်ဖြတ်နေပါတယ် ဆိုတဲ့ စကားရပ်ကို ဘယ်သူကပဲ ထပ်ချည်းတလဲလဲ ပြောနေပါစေ ကျွန်ုပ်တို့ အားလုံးက ဒါကို ငြင်းဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုကတောင်မှ ဒါကို ငြင်းဆိုထားပြီးပါပြီ။ မြန်မာပြည်ရောက် ဘင်္ဂါလီ ရိုဟင်ဂျာတွေကို မျိုးတုန်းသတ်ဖြတ်မှု မရှိပါဘူး။ အစိုးရဟာ သူတို့ရဲ့ ခြစားပျက်စီးနေတဲ့ စစ် (အုပ်ချုပ်ရေး?) စနစ်ကို အမြစ်ပါနှုတ်ပစ်ရေး ကြိုးပမ်းမှုအတွက် ကျောင်းသားများနှင့် ရဟန်းသံဃာများကိုသာ သတ်ပစ်ခဲ့ကြတာပါ။ ဒါကြောင့် အချိန်တန်ရင် ဘင်္ဂါလီတွေကို မြန်မာတွေက လူမျိုးတုန်း သတ်ဖြတ်ပါတယ်ဆိုတဲ့ လိမ်ညာမှုဟာ ပျောက်ကွယ်သွားမှာ ဖြစ်ပြီး အမှန်တရားက တဖန် သရဖူဆောင်းပါလိမ့်မယ်။

အစိုးရဟာ ဘင်္ဂါလီတွေကို ပစ်ခတ်တယ်လို့ အစွပ်စွဲ ခံခဲ့ရပေမဲ့  အချို့သော ဖြစ်ရပ်တွေမှာ မြန်မာ စစ်တပ်က အနောက်ဘက် နယ်စပ်မှာ ငိုယိုနေကြတဲ့ ဘင်္ဂါလီတွေကို  TLC  (ကြင်နာ ချစ်ခင်စွာ ဂရုစိုက်မှု) လေးများ ပေးတယ် ဆိုတဲ့ သက်သေ အထောက်အထား ရှိတယ်လို့ အိုးအိမ်မဲ့ ရခိုင်တွေက မကျေမနပ် ပြောရလောက်တဲ့ ပုံစံမျိုးနှင့် မြန်မာ မဟုတ်တဲ့ ကျူးကျော် ဝင်ရောက် လာသူတွေကို အကာအကွယ်တောင် ပေးနေပါတယ်။ အဲဒီမှာ အဲဒီလို ဖြစ်မှတော့ သနားစဖွယ် ရခိုင်တွေကတော့ ပြောစရာစကား မရှိ ဖြစ်ကျန်ခဲ့ကြရတယ်။

အခုချိန်ကစပြီး ဒါဟာ တရားမဝင် ဝင်ရောက်လာသူများရဲ့ အရေးပါလို့ အတည်ပြုပြောဆိုလာပါပြီ။ ဒီပြောဆိုမှုကနေ ကျွန်တော်တို့ ကောက်ချက်ချနိုင်တာက ဘင်္ဂါလီ အုပ်လိုက် စီးဝင်မှု ပြဿနာကို ရင်ဆိုင်နေရတဲ့ အိန္ဒိယမှာလိုပဲ၊ လစ်ဘရယ် မြန်မာများရော ရှေးရိုးစွဲ မြန်မာများ အားလုံးပါ ကျူးကျော်ဝင်ရောက်လာသူ ရှစ်သိန်း (၈၀၀ ၀၀၀)ကို သူတို့မြေပေါ်မှာ ရှိနေတာကို ဆန့်ကျင်ကြပါတယ်။ ဒီကိစ္စနှင့် ပတ်သက်လို့ သူတို့ အားလုံးဟာ စိုးရိမ်မှုတွေကို ထုတ်ဖော် ပြောဆိုကြတယ်။ ဒီ ဘင်္ဂါလီတွေဟာ မြန်မာ့ ပြည်တွင်းလုံခြုံရေး အတွက် အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ ကျွန်ုပ်တို့ မြန်မာ ဗုဒ္ဓဘာသာများမှာ ဘဝနေနည်း တစ်ခုရှိပါတယ်။ (အဲဒါက) နေရာတိုင်းမှာ ဆင်းရဲဒုက္ခ ရိုက်ခတ်မှု ခံနေရသေးပေမဲ့ (နိုင်ငံရေး) စနစ် အကောင်းဘက်သို့ ကောင်းကောင်းကြီး ပြောင်းလဲပြီးတာနှင့် တစ်ပြိုင်နက် ပြိုင်ဘက်ကင်းပြီး ပြည့်ဝတဲ့ စွမ်းရည်တွေ ရှိပါတယ်။ ဒါကို သန်းခြောက်ဆယ်သော လူဦးရေကို ထိတ်လန့်ပြီး လုံခြုံမှု ကင်းအောင် လုပ်ကာ ယူဆောင်သွားလို့ မရပါဘူး။ 

အစ္စလမ် ဘာသာရေး အခြေခံဝါဒီတွေနှင့် ၄င်းတို့ရဲ့ ဆွယ်သမားတွေရဲ့ အထက်စီး ဆန်တဲ့ လေသံတွေကို မြန်မာဟာ နိုင်ငံတစ်ခုအနေနှင့် ဆန့်ကျင်ကြဖို့ အလွန်အမင်း အရေးကြီးပါတယ်။ လူတိုင်းမှာ ကာကွယ်ရမည့် နိုင်ငံတစ်ခု ရှိပါတယ်။ ကျွန်ုပ်တို့ အားလုံးဟာ သူတို့တွေရဲ့ မမှန်စကားတွေ၊ မမှန်မကန် ပုံနှိပ် ဖြန့်ချီတာတွေနှင့် မြန်မာပြည်အပေါ်မှာ အကောက်ကြံစည်မှု အားလုံးကို ဆန့်ကျင် သွားကြပါမယ်။ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ ကာလတစ်ခုလုံးမှာ မပျော် မရွှင် ဖြစ်နေကြတဲ့ နိုင်ငံသား အားလုံးကို ကျွန်တော် မေးချင်တာက -

ရခိုင်ပြည်နယ်ကို  ဘယ်လောက် အထိ ကာကွယ်ချင်ပါသလဲ။ 

မြန်မာ အစိုးရအနေနှင့် သူရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို အိန္ဒိယ တရားရုံးချုပ်လို တင်းတင်ကြပ်ကြပ် လုပ်လာအောင် ဘယ်လိုလုပ်ပြီး ဖိအားပေးကြမလဲ။ 

အနောက် မီဒီယာတွေက ဘာကြောင့် ဒီလောက်အထိများ လိမ်ညာနေကြသလဲ ဆိုတာကို ခင်များတို့ သိကြပါသလား။ 

အစ္စလမ် နိုင်ငံတွေက သံတမန်တွေနှင့် ခေါင်းဆောင်တွေကလည်း ဘာကြောင့် ကျွန်ုပ်တို့ကို တွန်းပို့နေကြပြီး ဒီလောက်အထိ ကျယ်ကျယ်ပြန့်ပြန့်ကြီး လိမ်နေကြတယ် ဆိုတာ သင်တို့ သိကြပါသလား ဆိုတဲ့ မေးခွန်းများပဲ ဖြစ်ပါတယ်ဗျာ။